Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့ ပြည်သူ့ဆေးရုံတွင် သုံးမွှာပူးမွေးဖွား၊ ငွေကြေးအထောက်အပံ့လိုအပ်နေကြောင်း ဖခင်ဖြစ်သူဆို

စစ်တွေမြို့ ပြည်သူ့ဆေးရုံတွင် သုံးမွှာပူးမွေးဖွား၊ ငွေကြေးအထောက်အပံ့လိုအပ်နေကြောင်း ဖခင်ဖြစ်သူဆို

ABN-ဧပြီ ၁၉ ရက်

ရခိုင်ပြည် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် သုံးမွှာပူး ကလေးများကို ဧပြီလ ၁၂ ရက်နေ့က မွေးဖွားခဲ့ကြောင်းသိရသည်။

မိဘများမှာ ကိုညီပုချေနှင့် မသန်းကြည်ဝင်းတို့ဖြစ်ကြပြီး ကျောက်တော်မြို့နယ်၊ ရွာမပြင်ရွာမှ ဖြစ်ကြောင်း သိရသည်။

သုံးမွှာပူးကလေးတွင် မိန်းကလေး ၂ ဦးနှင့် ယောကျ်ားလေး ၁ ယောက်ဖြစ်ကြောင်း သိရသည်။

၎င်းကလေးများအတွက် နို့ဖိုး၊ မုန့်ဖိုးခများ အကူအညီများလည်း လိုအပ်ကြောင်း စာရေးဆရာဝေဟင်အောင်မှတဆင့် သိရသည်။

လက်ရှိတွင် ကလေးများမှာ ပေါင်းချိန်မပြည့်၍ ဓာတ်ကင်နေရပြီး တနေ့ဓာတ်ကင်ခ ၃၇၀၀၀ ခန့်ကုန်ကျကြောင်း ဖခင်ဖြစ်သူကိုညီပုချေက ပြောသည်။

“ကလေးတွေက ပေါင်းချိန်မပြည့်ဘူး။ အငယ်ဆုံးကလေးဆိုရင် ၅ ပေါင်ပဲရှိတယ်။ ကလေးတွေကို ဓာတ်ကင်နေရပါတယ်။ ကုန်ကျစရိတ်လည်းများတယ်။ တရက်ဓာတ်ကင်ခ ၃၇၀၀၀ ကုန်တယ်” ဟုပြောသည်။

ထို့အပြင် ကလေးများအတွက် လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများဝယ်၍ ၁၃ သိန်းမျှ ကုန်ကျနေပြီဖြစ်ကြောင်းလည်းပြောသည်။

လက်ရှိတွင် ကလေးငယ်များရော့ မိခင်ပါ ကျန်းမာစွာဖြင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ရှိနေကြသည်။

ဓာတ်ပုံ-ဝေဟင်အောင် (စာရေးဆရာ)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ