Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့ ဓညဝတီရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းသွား

စစ်တွေမြို့ ဓညဝတီရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းသွား

ABN-နွယ်စိုး

စစ်တွေမြို့ ဓညဝတီရပ်ကွက်တွင် ယမန့်နေ ည ၉နာရီ ခွဲလောက်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၁၀ နာရီ ခွဲခန့်တွင် နေအိမ်မီးလောင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။

ထိုမီးလောင်မှုဖြစ်ပွားခြင်းမှာ အိမ်ထဲတွင် ဆီမီးခွက်ထွန်းရာကနေ မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်ကားများနှင့် လူမှုကယ်ဆယ်ရေးအသင်းများ ရောက်ရှိချိန်တွင် နေအိမ် မီးကျွမ်းသွားပြီး မီးငြိမ်းသွားခဲ့ပြီးဟု သိရသည်။

‘’မီးစလောင်တာတော့ ၉နာရီ ခွဲလောက်ကပါ၊ ဘယ်ကစလောင်မှန်းလည်း မသိရသေးပါဘူး၊မီးသတ်ကား ရောက်တဲ့အချိန်မှာတော့ တစ်အိမ်လုံး ကျွမ်းသွားပါပြီး’’ ဟု ဓညဝတီရပ်ကွက်မှ မြို့ခံ တစ်ဦးက ABNသို့ပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင်နှင့် ဆုံးရှုံးမှု၊ ပျက်စီးမှု တန်ဖိုးကိုမူ အတည်ပြုနိုင်ရန် ကြိုးစားဆဲဖြစ်သည်။

ယမန်နေ့ကလည်း စစ်တွေတွင် မာစီးတီး တည်းခိုခန်းတွင် အခန်း ၁ ခုအတွင် လျပ်စစ်ဝါယာရှော့ဖြစ်ကာ မီးလောင်မှု အနည်းငယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည် မတ်လ ၃၁ ရက်နေ့ကလည်း ကျော်ကတော်မြို့နယ် အပေါက်ဝကျေးရွာ၌ နေအိမ်တစ်‌လုံးမီးလောင်မှုဖြစ်ပွားခဲ့၍ လူတစ်ဦးသေဆုံးသွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ