Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့ ဆင်ကူလမ်းရပ်ကွက် အကွက် ၃ မှ လူငယ်တစ်ဦးကို စကစတပ်မှ သံတုတ်ဖြင့်ရိုက်သတ်

စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်မှ လူငယ်တစ်ဦးကို ယခုည ၁၁ နာရီ ၁၅ မိနစ်ခန့်က စစ်ကောင်စီတပ်မှ ကင်းလှည့်စဥ် သံတုတ်ဖြင့် ဦးခေါင်းကို ရိုက်သတ်ခဲ့၍ ဆေးရုံသို့အရေးပေါ်ပိူ့ဆောင်လိုက်ရကြောင်း ကနဦးသတင်းသိရသည်။

ဆင်ကူးလမ်းရပ်ကွက် အကွက် ၃ မှ အဘ ဦးကျော်လှမောင်၏သား မောင်ညီချေ အသက် ၂၅ နှစ်ဖြစ်သည်။

စစ်ကောင်စီတပ်က ယခုည ၁၁ နာကျော်တွင် ရပ်ကွက်အတွင်း ကင်းလှည့်စဥ် အရက်မူးနေသည့် မောင်ညီချေအား ကားပေါ်မှ ဆင်းပြီး သံတုတ်ဖြင့် ဦးခေါင်းကို ၂ ချက် ရိုက်ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ABN ကိုပြောသည်။

“ညီချေကို ကင်းလှည့်လာတဲ့ စစ်ကားက တစ်ယောက်က ဆင်းလာပြီး သံတုတ်နဲ့ ၂ ချက်ရိုက်သွားတယ်။ သူသတိလစ်သွားတယ်။ အခုတော့ ဆေးရုံကို အရေးပေါ်ယူသွားကြတယ်” ဟု ပြောသည်။

သံတုတ်ဖြင့်အရိုက်ခံရသည့် ဒဏ်ရာမှာ ပြင်းထန်ပြီး သေသွားနိုင်သည့် အခြေအနေမှာ ရှိကြောင်း နောက်ထပ် တစ်ဦးက ပြောသည်။

မောင်ညီချေမှာ သုံးဘီဆိုင်ကယ် မောင်းသူ တစ်ဦးဖြစ်ပြီး ၎င်း၏ ဖခင် ဦးကျော်လှမောင်မှာ စစ်ကောင်စီရဲတပ်ဖွဲ့မှ အငြိမ်းစားယူထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ