Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့အပါအဝင် အခြားမြို့အများအ​ပြား​တွင် ကမ္ဘာ့ရတနာဘဏ်ကို ပထမဦးဆုံး စတင်ဖွင့်ပြီ

စစ်တွေမြို့အပါအဝင် အခြားမြို့အများအ​ပြား​တွင် ကမ္ဘာ့ရတနာဘဏ်ကို ပထမဦးဆုံး စတင်ဖွင့်ပြီ

ABN-ကိုဟိန်းထွန်း

ရခိုင်ပြည်၊ စစ်တွေမြို့မေယုလမ်းရှိ ကမ္ဘာ့ရတနာဘဏ်အပါအဝင် အခြားမြို့အများအပြားတွင် မေလ ၁၇ ရက်နေ့က ပထမဦးဆုံး စတင်ဖွင့်လှစ်ခဲ့ကြောင်း နီးစပ်သူ ၁ ဦးထံမှသိရသည်။

မိုခါမုန်တိုင်းကြောင့် အင်တာနက်လိုင်းများပြတ်တောက်သွားသည့်အတွက် ဘဏ်များမဖွင့်နိုင်သေးပဲ ၎င်း GTB ဘဏ်ရှိသည့်နေရာတစ်ခုမှ အနည်းငယ်သာ ရကြောင်း ဒေသခံ တစ်ဦးက ABN သို့ပြောသည်။

“မိုခါမုန်တိုင်းရဲ့လေတိုက်ခိုက်တဲ့အတွက်ကြောင့် အင်တာနက်လိုင်းတွေပြတ်တောက်သွားတယ်၊ တစ်ခြားဘဏ်တွေလည်းမဖွင့်သေးပါဘူး၊ GTB ဘဏ်ရှိတဲ့နေရာ ၁ ခုကသာ အနည်းငယ်ရပါတယ်” ဟုဆိုသည်။

ကမ္ဘာ့ရတနာဘဏ်ဖွင့်ထားသောမြို့များဖြစ်သည့် စစ်တွေ ၊ဘူးသီးတောင် ၊မောင်တော ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် ၊ မြောက်ဦး ၊ မင်းပြား ၊ သံတွဲ ၊ ကမ်းထောင်းကြီး ၊ အမ်း၊ တပ်တောင် ၊ တောင်ကုတ် ၊ သံတွဲ ၊ ကျောက်ဖြူ ၊ ရမ်းဗြဲ ၊ ကျန္ဒီလီ ၊ဂျိတ်တော မြို့များဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ငွေထုတ်သူများ အနည်းငယ်လာရောက်ပြီဖြစ်ကြောင်း၊ ငွေလွဲ၍ရနိုင်ကြောင်း ၎င်း မှဆက်၍ပြောသည်။

“ငွေထုတ်သူက အနည်းငယ်ရောက်နေပါပြီ၊ ငွေလွဲလို့လည်းရပါတယ်” ဟု ဆိုသည်။

မေယုလမ်း စစ်တွေလမ်းကြီးဘေးတွင်ရှိသည့်ကမ္ဘာ့ရတနာဘဏ်တွင် မေလ ၁၄ ရက်နေ့က တိုက်ခိုက်ခဲ့သည့်မိုခါ မုန်တိုင်းကြောင့် ဆိုင်းဘုတ်များလဲဲပြိုသွားခဲ့ပြီး ခေါင်းမိုးအနည်းငယ်ထိသွားကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ