Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့လယ်ရှိ မာစီးဒီးတည်းခိုခန်း မီးလောင်မှု​​ဖြစ်ပွား ၊ အချိန်မီ ငြိမ်းနိုင်ခဲ့ဟုသိရ

ABN-ရှိုင်းမိုး

ယနေ့ နံနက်၉နာရီအချိန်တွင် စစ်တွေမြို့၌ မာစီးဒီးတည်းခိုခန်းတခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုမီးလောင်မှုသည် မာစီးဒီးဟိုတည်းခန်းရှိ တတိယအထပ်တွင်ဖြစ်ပွားပြီး၊ အခန်းငှားနေခဲ့သူက လျှပ်စစ်လေပန်ကာအား မပိတ်ဘဲထားခဲ့ရာမှဝါယာရှော့ ဖြစ်ကာ မီးလောင်မှု အနည်းငယ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိမျက်မြင်ဒေသခံများက ပြောသည်။

“အခန်းငှားတဲ့သူက ပန်ကာဖွင့်ပြီးထားခဲ့ရာက မီးလောင်တာလို့ကြားပါတယ်၊ သူကအခန်းကိုအပ်ပြီးထားခဲ့တာလို့သိရပါတယ်၊ အဲဒါကနေရှော့ခ်ဖြစ်တာပါ အခန်းကနေ မီးခိုးတွေအများကြီးထွက်ခဲ့လို့ လူတွေကြောက်သွားတာထင်ပါတယ်၊ ဆုံးရှုံးမှုကတော့အများကြီးရှိမယ်မထင်ပါဘူး” ဟု ပြောသည်။

မီးလောင်ရာသို့ မီးငြိမ်းသတ်ရန်အတွက် မီးသတ်ကားများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာခဲ့ကြပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့်အကြောင်းအသေးစိတ်ကို ရဲတပ်ဖွဲ့ဝင်များက စုံစမ်းနေကြောင်း သိရသည်။

မတ်လ ၃၁ရက်နေ့ ည၉နာရီကျော်အချိန်တွင်လည်း ကျောက်တော်မြို့အပေါက်ဝရွာတွင် နေအိမ်တစ်လုံးမီးလောင်ပြာကျပြီး၊ လူတစ်ဦးသေဆုံးခဲ့သည်။

စစ်တွေမြို့လယ်ရှိ မာစီးဒီးတည်းခိုခန်း မီးလောင်မှု​​ဖြစ်ပွား ၊ အချိန်မီ ငြိမ်းနိုင်ခဲ့ဟုသိရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ