Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့မှ စိတ်ဝေဒနာသည် လူငယ် ၁ဦး ဘူးသီးတောင်မြို့နယ်တွင် ရေနစ်သေဆုံး

စစ်တွေမြို့မှ စိတ်ဝေဒနာသည် လူငယ် ၁ဦး ဘူးသီးတောင်မြို့နယ်တွင် ရေနစ်သေဆုံး

ABN-ရှိုင်းမိုး

ရခိုင်ပြည် စစ်တွေမြို့မှ စိတ်ဝေဒနာသည် လူငယ်တစ်ဦး ဘူးသီးတောင်မြို့နယ်တွင် မတ်လ ၉ရက်နေ့က ရေနစ်ပြီး ပျောက်ဆုံးနေခဲ့သည့်အလောင်းကို မတ်လ ၁၀ ရက်နေ့ နံနက်က ရှာဖွေတွေ့ရှိခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြောသည်။

ရေနစ်သေဆုံးသူမှာ စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှ ကိုလင်းလင်း အသက် ၂၅နှစ်ဖြစ်ပြီး ၎င်းမှာ စိတ်ဝေဒနာသည်တစ်ဦးဖြစ်ကြောင်း သိရသည်။

ရေနစ်သေဆုံးသွားခဲ့သည့် စိတ်ဝေဒနာသည်မှာ စစ်တွေမြို့မှ ဘုတ် ၁စီးဖြင့် ဘူးသီးတောင်မြို့နယ်ဖက်သို့ လိုက်ပါသွားပြီး ၊ ဘူးသီးတောင်နယ်မှ ရွာတစ်ရွာသို့ ရောက်သောအခါ ဘုတ်မှဆင်းကျန်ခဲ့သည်ဟုသိရကြောင်း ‌ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြောသည်။

“သူက စိတ်ဝေဒနာရှင်တစ်ဦးလို့ သူရဲ့မိသားစုကပြောပါတယ်၊ သူပျောက်သွားတာ ၉ရက်နေ့ကပါ၊ ပျောက်ဆုံးတဲ့နေ့ကတည်းက ရှာနေကြတာပါ၊ ဒါပေမယ့် သူ့ကို ၁၀ရက်နေ့ မနက်မှာ ဘူးသီးတောင်နယ် စည်တောင်ရွာအနီးက ချောင်းစပ်မှာတွေ့တယ်ဆိုပြီး ဖုန်းဆက်လာပါတယ်၊ ဒါနဲ့ ကျွန်တော်တို့ အသင်းက Speed boat နဲ့ သူ့ အလောင်းကိုသွားသယ်ခဲ့ပါတယ်” ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့်နှစ်က ရေနစ်သေဆုံးမှု သိသိသာသာများခဲ့သည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ