Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့မဈေးကြီးကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု အရပ်သား ၁၂ သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိ (Update News)

AB News – ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့ရှိ မြို့မဈေးကြီးကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ယနေ့ ဖေဖော်ဝါရီလ ၂၉၊ နံနက် ၈နာရီ ၁၀ မိနစ်အချိန်တွင် အရပ်သား ၁၂ သေဆုံးပြီး ၈၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း  ခိုင်လုံသည့် သတင်းရင်းမြစ်မှ သိရှိရသည်။

စစ်တွေမြို့၊ ပွိုင့် ရေတပ်စခန်းအနီး၌ ကျောက်ချထားသည့် စစ်သင်္ဘောက စစ်တွေမြို့မဈေးကို ရည်ရွယ်ချက်ရှိရှိ ပစ်ခဲ့သောကြောင်း အရပ်သားပြည်သူ အများအပြား သေဆုံး၊ ဒဏ်ရာရရှိခဲ့ရသည်။

စစ်တွေမြို့မဈေးကြီးအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးသူ ၁၂ ဦးရှိပြီး ဒဏ်ရာရရှိသူ ၈၀ကျော်ကို စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့‌ဆောင်ပြီး အရေး‌ပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် လက်နက်ကြီးကျရောက်ပေါက်ကွဲသည့် အချိန်မှ စ၍ စစ်တွေမြို့မဈေးကြီးကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး မြို့အတွင်း၌ လမ်းများလည်း လုံခြုံရေးများ တိုးမြင့်ချထားကာ လမ်းပိတ်ဆို့ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ရက်နေ့ ညဉ့် ၁နာရီ ၂၅မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းပြားမြို့နယ်၊ သေကန်ရွာမှ ရွာသား ၃၀ကျော် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် လူနေအိမ် ၂၀ ကျော် ပျက်စီးခဲ့ရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင်လည်း မင်းပြားမြို့ရှိ မင်းဖူးအရပ်ဖက် ပုဂ္ဂလိကဆေးရုံကို လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူများနှင့် စစ်ကောင်စီသုံ့ပန်းများ၊ သုံ့ပန်းမိသားစုဝင်များလည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ