Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့နယ် အောင်တိုင်ရွာအုပ်စု၊ ပလ္လင်ပြင်ရွာတွင် ၄ လောင်းပြိုင်လူသတ်မှုဖြစ်

ABN- ရှိင်းမိုး

စစ်တွေမြို့နယ် အောင်တိုင်ရွာအုပ်စု၊ ပလ္လင်ပြင် (မူဆလင်) ရွာတွင် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ၄ ‌လောင်းပြိုင်လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

သေဆုံးသွားသူများမှာ အသက် ၆၅ နှစ်အရွယ် ဦးဘော်ဒီရာမန်၊ အသက် ၅၅ နှစ်အရွယ် ဖာတေဟခါမောက်၊ အသက် ၃၅ နှစ်အရွယ် ဘော်စီရာမောက် နှင့် အသက် ၃၇ နှစ်အရွယ် အာလီမာခါတူ တို့ဖြစ်ကြောင်းသိရသည်။

“အဲဒီရွာက လူသတ်မှု ဖြစ်တယ်လို့ဖုန်းဆက်လာပါတယ်၊ ကျွန်တော်တို့ချက်ချင်း လိုက်သွားပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ရောက်တာနဲ့ သူတို့ ၄ ယောက်လုံး အသတ်မရှိတော့ပါ၊ ကျွန်တော်တို့ သူတိုရဲ့ အလောင်းတွေကို စစ်တွပြည်သူ့ ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ထားလိုက်ပါတယ်” ဟုရွှေရောင်မေတ္တာဖောင်ဒေးရှင်း ပြောသည်။

မည်သည့်အကြောင်းကြောင့် ၄ ဦးလုံး တနေရာတည်းတွင် သေနေကြသည်ကိုမူ ABN အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယနေ့ ၁၀ နာရီခန့်က စစ်တွေမြို့နယ် ချောင်းနွယ် မင်းဂံချောင်းတွင်လည်း အမည်မသိ ဘုန်းကြီးရုပ်အလောင်း ၁ ခု တွေ့ရှိရကြောင်းသိရသည်။

ဓာတ်ပုံ-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ