Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့နယ် ဝါဘိုရွာမှ ဆယ်ကျော်သက်အရွယ် ကလေးတစ်ဦး စစ်ကောင်စီက ပစ်သည့် ဒရုန်းဗုံးထိ၍ ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၁၀၊ ၂၀၂၃

ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီဒရုန်းမှ ချခဲ့သော ဗုံးပေါက်ကွဲပြီး ၁၂နှစ် အရွယ် ကလေးငယ် ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိသူမှာ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာမှ အဖ ဦးသန်းတင်မောင်၏သား မောင်မျိုးဆက်ပိုင် အသက် ၁၂နှစ်ဖြစ်သည်။

ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ နေ့လည် ၁၂နာရီ၊ ၁၀မိနစ်အချိန်တွင် စစ်ကောင်စီဒရုန်းမှ ချခဲ့သော ဗုံးသည် ဝါဘိုကျေးရွာ ဦးကျော်တင်လှိုင် အိမ်၏ ထမင်းချက်ခန်းတွင် ကျရောက်​ပေါက်ကွဲခဲ့ပြီး တစ်ဖက်အိမ်မှ မောင်မျိုးဆက်ပိုင်၏ ဘယ်ဘက်ပါးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသား၁ဦးက ပြောသည်။

“ဒီနေ့ ၁၂ နာရီ ၁၀မိနစ်မှာ စစ်ကောင်စီအဖွဲ့ရဲ့ ဒရုန်းဟာ ရွာရဲ့အပေါ်မှာ ခဏပျံဝဲပြီး ရွာထဲကို ဗုံးချတယ်။ ဗုံး၁လုံးဟာ ဦးကျော်တင်လိူင် အိမ်ရဲ့ ထမင်းချက်ခန်းမှာ ကျရောက်ပေါက်ကွဲတယ်။ အဲ့အိမ်ရဲ့ တစ်ဘက်အိမ်က မောင်မျိုးဆက်ပိုင်ရဲ့ ဘယ်ဘက်ပါးမှာ ထိခိုက်ဒဏ်ရာရှိခဲ့တယ်” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့မှ ယနေ့ နေ့လည်အချိန်တွင် ဝါဘိုကျေးရွာအား ဒရုန်းမှ ဗုံးချတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာသားများမှာ ကြောက်လန့်နေရကြောင်း သိရသည်။

စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်တွင် ရဟတ်ယာဥ်၊ ဂျက်တိုက်လေယာဥ်များအပြင် တိုက်ခိုက်ရေး ဒရုန်းများကိုပါ အသုံးပြုပြီး ပြည်သူများနေထိုင်ရာ ရပ်ရွာများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း၊ ကျေးရွာများအား မီးရှို့ခြင်းများ ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ- ပေးပို့ CJ/ Arakan Bay News-ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ