Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့နယ် စကစ စစ်တပ်နှင့်ရဲတို့ပူးပေါင်းပြီး ဇောပူဂျာရွာ ကိုဝိုင်းထား

စစ်တွေမြို့နယ် စကစ စစ်တပ်နှင့်ရဲတို့ပူးပေါင်းပြီး ဇောပူဂျာရွာ ကိုဝိုင်းထား

ABN – ကိုဟိန်းထွန်း

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ ဇောပူဂျာရွာတွင် စစ်ကောင်စီ စစ်တပ်နှင့် ရဲတို့ပူးပေါင်းအဖွဲ့ အင်အား ၃၀ ခန့်သည် ရွာထဲရှိ ရွာအဝင်အထွက် လမ်းများတွင် နေရာယူထားကာ လမ်းကြောင်း ပိတ်ထားသည်ဟု စုံစမ်းသိရှိရသည်။

၎င်းတို့သည် မနက် ၇ နာရီခန့်မှစပြီး စစ်ကားဖြင့်ဝင်ရောက်လာခဲ့ပြီးရွာ၏ လမ်းကြားများတွင် လက်နက်ခဲယမ်းအပြည့်ဖြင့် ကင်းစောင့်နေသည်ဟု သိရသည်။

မည်သည့်အကြောင်းကြောင့် ထိုသို့ ရွာကို ဝိုင်းပြီး ကင်းပုန်းအနေအထားဖြင့် ရှိနေသည်ကို အသေအချာ မသိရကြောင်း ရွာသားတစ်ဦးက ABN ကိုပြောသည်။

“ရွာထဲက လမ်းကြားတွေမှာ နေရာယူထားကြတာကိုတွေ့ပါတယ်။ အိမ်ထောင်စုစာရင်းစစ်တာ ဘာညာ ဘာမှမရှိပါဘူး။ သတင်းတစ်ခုခုရလို့ ဖြစ်မယ်ထင်ပါတယ်” ဟု ပြောသည်။

ထိုသို့ ရွာအတွင်း စစ်တပ်နှင့် ရဲအဖွဲ့တို့ လှုပ်ရှားမှုများကြောင့် ကျေးရွာသားများမှာ ကြောက်လန့်ပြီး နေအိမ်မထွက်ရဲ ဖြစ်နေကြကာ အလုပ်သွားရန်ပင် အဆင်မပြေတော့ကြောင်း ၎င်းက ဆက်ပြောသည်။

“အဲ့ဒီရွာရဲ့လမ်းက အလုပ်သမားတွေအတွက် အရေးပါတဲ့လမ်းပါ၊ စစ်တပ်ဝင်လာတယ်လို့သတင်းကြားတော့ အလုပ်မသွားရပဲ လူဦးရေ ၅၀ လောက်ရှိပါတယ်၊ အခက်အခဲဖြစ်နေတယ်” ဟု ဆိုသည်။

ထိုဇောပူဂျာရွာမှာ စစ်တွေမှ ၇ မိုင်ခွဲခန့်ဝေးပြီး အိမ်ထောင်စု ၉၈ စုရှိပြီး လူဦးရေ ၄၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ