Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့နယ်၊ တောကန်ရွာအား စစ်ကောင်စီအဖွဲ့ ဝင်ရောက်မီးရှို့

စစ်တွေမြို့နယ်၊ တောကန်ရွာအား စစ်ကောင်စီအဖွဲ့ ဝင်ရောက်မီးရှို့

AB News -ဒီဇင်ဘာ ၂၁၊ ၂၀၂၃

ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ တောကန်ကျေးရွာအား ယနေ့ မနက် ၁၁ နာရီကျော် အချိန်ခန့် တွင် စစ်ကောင်စီအဖွဲ့သည် ကျေးရွာအတွင်းသို့ အင်အား ၇၀ ကျော်ဖြင့် ဝင်ရောက်ပြီး မီးရှို့ခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့ နံနက် ၁၁ နာရီကျော် အချိန်ခန့် တွင် စစ်ကောင်စီအဖွဲ့ဝင် ၇၀ကျော်သည် တောကန်ကျေးရွာအား မီးရှို့ဖျက်ဆီးနေကြောင်း ကျေးရွာသား ၁ဦးက ပြောသည်။

“ဒီနေ့ မနက် ၁၁နာရီကျော်အချိန်မှာ စစ်တွေအခြေစိုက် BE တပ်မှ တပ်သား ၇၀ ကျော်ဟာ ရွာထဲဝင်လာပြီး မီးရှို့နေတယ်။ ရွာသားတွေမှာလည်း ကြောက်ရွံ့ပြီး ထွက်ပြေးနေရတယ်” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့က တောကန်ရွာအား ဝင််ရောက်ပြီး မီးရှို့ဖျက်ဆီးနေသောကြောင့် ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်ကြရကြောင်းသိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ရက်နေ့ နေ့လည် ၂နာရီခွဲအချိန်တွင် အကြမ်းဘက်စစ်ကောင်စီအဖွဲ့မှ နေဗီတပ်အဖွဲ့က ရွာထဲသို့ဝင်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာနှင့် ခမောင်းတောရွာအား မီးရှို့ဖျက်ဆီးခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်နေ့တွင် ပေါက်တောမြို့နယ် မနော်သီရိရွာအား စစ်ကောင်စီအဖွဲ့ ရေတပ်နေဗီမှ ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်သားများသည် မနော်သီရိရွာမှ အိမ် ၁၉ဆောင်အား မီးရှို့ဖျက်ဆီးခဲ့သည်။

ရက္ခိုင်ပြည်တွင် နိုဝင်ဘာလ ၁၃ရက်နေ့မှ စ၍ စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့သည် ပေါက်တောမြို့အပါအဝင် ပေါက်တောမြို့မဈေး၊ ​ပုဏ္ဏားကျွန်းမြို့မဈေး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ရဲရိုးပြင််ရွာ၊ ခမောင်းတောရွာနှင့် ပေါက်တောမြို့နယ်မှ မနော်သီရိရွာတို့အား မီးရှို့ဖျက်ဆီးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ