ABN-ထက်မြတ်ခင်
စက်တင်ဘာ ၁၄ရက်
ရခိုင်ပြည်၊ စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၁၃ရက်နေ့က ၁၂တန်းကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံးသွားသည်ဟုသိရသည်။
သေဆုံးသွားသူ ၁၂တန်းကျောင်းသူမှာ စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာမှ အဖဦးအောင်ဘာလေ၏သမီး အသက် ၁၈နှစ်အရွယ် မချမ်းမဖြစ်ကြောင်းသိရသည်။
မချမ်းမမှာ ယမန်နေ့ စက်တင်ဘာလ ၁၃ရက်နေ ညနေ့ ၅နာရီအချိန်က ၎င်း၏နေအိမ်၌ကြိုဆွဲချ သေဆုံးသွားခြင်းဖြစ်ပြီး၊ မည်သည့်ကြောင်းသေဆုံးသွားကြောင်းကို ABNမှ ဆက်လက်စုံစမ်းလျက်ရှိသည်။
ရခိုင်တွင် ယခုနှစ် မိုခါမုန်တိုင်းအပြီးတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သူများ သိသိသာသာ များပြားနေသည်ကို တွေ့ရသည်။
