Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့နယ်တွင် အသတ်ခံရသည့် သားမိ၂ယောက်မှာ သမီးဖြစ်သူအလောင်းကို မျက်လုံးဖောက်ထုတ်ထားသည့်ဒဏ်ရာဖြင့် ရေထဲ၌တွေ့ရှိ

ABN-ရှိုင်းမိုး

အောက်တိုဘာ ၂၉ရက်

စစ်တွေမြို့နယ်တွင် အသတ်ခံရသည့် သားမိ၂ယောက်မှာ သမီးဖြစ်သူအလောင်းကို ယနေ့နံနက် ၇နာရီကျော်အချိန်က မျက်လုံးဖောက်ထုတ်ခံထားရသည့် ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။

စစ်တွေမြို့နယ် အောင်တိုင်ရွာမှ ယမန့်နေ နံနက် ၅နာရီခန့်က ကိုယ်ဝန် ၄လလွယ်ထားရသည့် မိခင်နှင့် ၄နှစ်အရွယ် သမီးဖြစ်သူတို့ပျောက်ဆုံးနေခဲ့ကြောင်းသိရသည်။

ထိုသားမိ ၂ဦးမှာ မိခင်ဖြစ်သူကို ယမန်နေ့ နေ့လည်ပိုင်း ၂နာရီကျော်အချိန်က အသတ်ခံထားရသည့် ဒဏ်ရာများဖြင့် ချောင်းဝ၌တွေ့ရှိခဲ့ပြီး အလောင်းပေါ်မှာ ယောင်္ကျားဝတ် ဘောင်းဘီဝတ်ထားကြောင်း တွေ့ရှိရသည်။

သမီးဖြစ်သူ၏ အလောင်းကို ယနေ့ နံနက် ၇နာရီခန့်က စစ်ကောင်စီ ရဲကင်းရှေ့ရေကမ်းစပ်နားတွင် ညာမျက်လုံးဖောက်ထုတ်ခံထားရပြီး နားရွက်ကိုဓားဖြင့်အလှီးခံထားရသော ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ကြောင်း ရွာခံသားတစ်ဦးကပြောသည်။

“ကလေးအလောင်းကိုတွေ့ပါပြီး၊ ဒီမနက်စောစောကတွေ့တာပါ၊ စစ်ကောင်စီ ရဲကင်းရှေ့က ရေကမ်းစပ်နားမှာတွေ့ပါတယ်၊ ညာမျက်လုံးအဖောက်ခံထားရပါတယ်၊ ပြီးတော့ နားရွက်ကိုလည်းအလှီးခံထားရပါတယ်၊ သနားစရာကောင်းပါတယ်” ဟုဆိုသည်။

ထိုသားမိ၂သည် ယမန်နေ့ နံနက် ၅နာရီခန့်အချိန်က ၎င်းတို့နေသည့် တဲမှပျောက်ဆုံးသွားခဲ့ကြသည်။

သူမတို့နေသည့်အနီးနားတွင် အင်အား ၂၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီရဲကင်းတခုရှိကြောင်းသိရသည်။

ယမန်နေ့ နေ့လည်ပိုင်းကလည်း အောင်တိုင်ရွာသားများမှ ထိုသားမိ၂ဦးအား ရွာသားများဝိုင်းရှာနေချိန်တွင် စစ်ကောင်စီရဲကင်းမှ သေနတ်များပစ်ဖောက်ခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

မိခင်ဖြစ်သူမှာ မုဒိမ်းမှုပြုကျင့်ခံထားရခြင်း မရှိကို ဆေးရုံတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ