သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့ထဲရှိ ALP ခွဲထွက်ရုံးမှ လက်နက်ကြီး ၄ လုံးပစ်ခတ် (Breaking News)

စစ်တွေမြို့ထဲရှိ ALP ခွဲထွက်ရုံးမှ လက်နက်ကြီး ၄ လုံးပစ်ခတ် (Breaking News)

AB News-ဒီဇင်ဘာ ၁၀၊ ၂၀၂၃

ရက္ခိုင်ပြည် စစ်တွေမြို့ထဲတွင် ရုံးစိုက်ထားသည့် ALP ခွဲထွက်အဖွဲ့ ရုံးထဲမှ ယခု ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၈ နာရီ ၃၈ မိနစ်ဝန်းကျင်တွင် လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ကြောင်း စစ်တွေမြို့ခံများ သတင်းပေးချက်အရ သိရသည်။

စစ်တွေမြို့တွင်းရှိ ALP ခွဲထွက် ရုံးတွင် စစ်ကောင်စီအဖွဲ့က လက်နက်ကြီး တပ်ဆင်ပြီး ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်တွေမြို့ အမှတ် ၁၂ ရဲစခန်းမှလည်း လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရသည်။

မည်သည့်ဖက်သို့ ပစ်ခတ်နေသည်ကိုမူ AB News ကဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ