Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့တွင် ALP အဖွဲ့ဝင် ၃ ဦးအသတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများအပြင်းအထန် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ

ABN – ရှိုင်းမိုး

ဇန်နဝါရီ ၄ ရက်

စစ်တွေမြို့တွင် ALP အဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲသားများအပြင်းအထန် စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။

ယနေ့ ဇန်နဝါရီလ ၄ရက် မနက် ၈နာရီကျော်အချိန်တွင် စစ်တွေမြို့ ရွာသာယာအနီး င/စရိုင်းချောင်း ဘုန်းကြီးကျောင်းရှေ့နားတွင် ALP အဖွဲ့ဝင် ၃ ဦး သတ်ဖြတ်ခံခဲ့ရသည်။

သေဆုံးသူများမှာ အသက် ၅၄နှစ် အရွယ် ALP စစ်ဦးစီးချုပ် ဗိုလ်စောမြ၊ အသက် ၃၄နှစ် အရွယ် ဗိုလ်ကြီးအဆင့်ရှိသူ ခိုင်သူရိန်၊ အသက် ၃၁ နှစ်အရွယ် တပ်ရင်းမှူး ခိုင်ကျော်စိုးတို့ဖြစ်ကြောင်း သတင်းအရင်းမြစ်မှသိရသည်။

” အဲဒီမူခင်းဖြစ်ပြီးတာနဲ့ စစ်ဆေးတာတွေက တအားလုပ်ပါတယ်၊ ဆိုင်ကယ်တွေ ၊ကားတွေကိုလည်း အကုန်လုံးဝင်ပြီးစစ်ဆေးပါတယ်၊ စစ်သားနှင့် ရဲ နှစ်ဖက်လုံးကစစ်ဆေးတာပါ” ဟုပြောသည်။

ကျောက်တော်၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းတို့တွင်လည်း လွတ်လပ်ရေးနေ့ကို အကြောင်းပြုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လှုပ်ရှားနေကြောင်းသိရသည်။

ALP တပ်ဖွဲ့ဝင်များသည် စစ်တွေတွင် စစ်ကောင်စီတပ်နှင့်ပူးပေါင်းပြီး ရခိုင်ပြည်သူများအား ဖမ်းဆီးခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်း၊ မတရားနှိပ်စက် အနိုင်ကျင့်ခြင်းများကို မကြာခဏ ပြုလုပ်လေ့ရှိသည်ကို တွေ့ရသည်။

ALP တပ်ဖွဲ့ဝင် ၃ ဦးအား မည်သူက သတ်သွားသည်ကိုမူ မသိရသေးပေ။

ဓာတ်ပုံ-DMG

စစ်တွေမြို့တွင် ALP အဖွဲ့ဝင် ၃ ဦးအသတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများအပြင်းအထန် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ