Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့တွင် အမျိုးသား ၁ ဦး ဓါးထိုးခံရပြီးသေဆုံး

AB News- ဒီဇင်ဘာ ၁၈၊၂၀၂၃

ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်၊ ညနေ ၁၀ နာရီကျော် အချိန်တွင် ရက္ခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစု ရပ်ကွက်မှ အမျိုးသား ၁ ဦး ဓါးထိုးခံရပြီး သေဆုံးခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဓါးထိုးခံရသူမှာ စစ်တွေမြို့၊ ​​စက်ရုံစု ရပ်ကွက်နေ အဖ ဦးထွန်းရွှေ၏သား မောင်မျိုးနိုင်ထွန်းဖြစ်သည်။

စစ်တွေမြို့ ၊ နာဇီရွာ စက်ရုံစု ရပ်ကွက်မှ မောင်မျိုးနိုင်ထွန်းအား မောင်အောင်နိုင်ဝင်းအပါအဝင် ၅ ယောက်က ဓါးဖြင့်ထိုးသတ်ခဲ့၍ သေဆုံးခဲ့ကြောင်း ရပ်ကွက်သား ၁ ဦးက ပြောသည်။

“မနေ့က ည ၈ နာရီကျော်မှာ မျိုးနိုင်ထွန်း နဲ့ အောင်နိုင်ဝင်း အပါအဝင် ၆ယောက်ဟာ နာဇီရွာစာသင်ကျောင်းရှေ့မှာ အရက်ဝိုင်းဖွဲ့သောက်နေကြရင်း စကားများရန်ဖြစ်ကြတယ်။ အဲ့ဒီနောက် အောင်နိုင်ဝင်းအပါအဝင် ၅ ယောက်က မျိုးနိုင်ထွန်းကို ဓါးနဲ့ထိုးသတ်လိုက်တယ်” ဟုဆိုသည်။

ဓါးထိုးခံရသူ မျိုးနိုင်ဝင်းအား ရွှေ‌ရောင်မေတ္တာဖောင်ဒေးရှင်း အဖွဲ့မှ စစ်တွေမြို့မဆေးရုံကြီးသို့ ပို့‌ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် ညနေ ၁၀ နာရီကျော်တွင် သေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ