Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့တွင် ဒေသခံတစ်ဦးကို စခရူးဒရိုင်ဘာစူးဖြင့် ထိုးသတ်ရန်ကြံစည်မှုဖြစ်

ABN-ရာဟု

ရခိုင်ပြည် စစ်တွေမြို ကုန်တန်းရပ်ကွက်တွင် ဖေဖော်ဝါရီလ၁၆ရက်နေ့ ညနေ ၃နာရီ ခန့်က ဒေသခံတစ်ဦးကို စခရူးဒရိုင်ဘာစူးဖြင့် ထိုးသတ်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

လုပ်ကြံသတ်ဖြတ်ရန် ခံရသူမှာ ဦးမောင်မြင့်သန်း အသက် ၃၅ နှစ်ဖြစ်ပြီး ၎င်းမှာ ကုန်တန်းရပ်ကွက်တွင် နေထိုင်သူ တစ်ဥ◌ီးဖြစ်သည်။

ဖြစ်စဥ်မှာ ကုန်တန်းရပ်ကွက် ချောင်းကမ်းနားတွင် ဥ◌ီးမောင်မြင့်သန်းသည် ၎င်းပိုင်ဆိုင်သည့် ဘုတ်အနီး အိပ်ပျော်နေစဥ် အမည်မသိ လူတစ်ဦးက ၎င်းတွင်အသင့်ပါလာသည့် စခရူးဒရိုင်ဘာဖြင့် ထိုးသတ်ရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။

စခရူးဒရိုင်ဘာဖြင့် ထိုးခံရသောကြောင့် ဘယ်ဖက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာနှစ်ချက်နှင့် ညာဖက်လက်ကောက်ဝတ်တို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဦးမောင်မြင့်သန်းက ပြောသည်။

“ကျနော် အလုပ်ပြီးလို့ ခဏလေး အိပ်နေတာပါ ၊ ကျနော်လည်း သူ့ကိုမသိဘူး။ စခရူးဒရိုင်ဘာနဲ့လာပြီး ကျနော့်ကိုထိုးတာ နှစ်ချက်က ရင်ဘတ်ကိုထိတယ် နောက်တစ်ချက်က ကျနော်လက်နှင့်ကာလိုက်တော့ လက်ကိုထိသွားတယ် ” ဟု ဦးမောင်မြင့်သန်းကABNကို ပြောသည်။

လက်ရှိတွင် ဦးမောင်မြင့်သန်းမှာ စစ်တွေမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူရလျက်ရှိကြောင်းသိရသည်။

ရခိုင်တွင် ဖေဖော်ဝါရီလ ၂ ပတ်အတွင်း လူသတ်မှု၊ သတ်ရန်ကြံစည်မှုနှင့် ခိုးဆိုးလုယက်မှု ၉ ကြိမ်ထက်မနည်းရှိခဲ့သည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ