Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့တွင် ညီအစ်မချင်း စကားများရန်ဖြစ်ရာမှ ညီမဖြစ်သူ၏ သားကို အဒေါ်ဖြစ်သူက ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား

ရှိုင်းမိုး Bay News -ABN

စစ်တွေမြို့တွင် ညီအစ်မချင်း စကားများရန်ဖြစ်ရာမှ ညီမဖြစ်သူ၏သားကို အဒေါ်ဖြစ်သူက ဓားဖြင့်ထိုးသတ်မှုပွားခဲ့သည်ဟုသိရသည်။

စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်၊ ရခိုင်ဆန်စပါးစက်ဝန်းတွင် မနေ့က နေလယ် ၁ နာရီခန့်က ညီအစ်မချင်း စကားများရန်ဖြစ်ရာမှ ညီမဖြစ်သူ၏သား အသက်(၃)နှစ် အရွယ် မောင်ထက်ဝေယံကို အဒေါ်ဖြစ်သူက ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

သေဆုံးသူ၏ဖခင် ကိုသန့်ဇင်မင်းမှာ ရခိုင်ဆန်စပါးစက်ဝန်း၌ ပန်းရံလုပ်ငန်း လုပ်ကိုင်နေစဉ် ဇနီးဖြစ်သူ မကျန်နု၊ အသက်(၃၂)နှစ်၊ (ဘ)ဦးသာဇံလှနှင့် ညီမဖြစ်သူ မဘုမချေ၊ အသက်(၂၅)နှစ်၊ (ဘ)ဦးသာဇံလှတို့ စကားများရန်ဖြစ်ခဲ့ရာမှ အဒေါ်ဖြစ်သူ မဘုမချေက မောင်ထက်ဝေယံကို ဓားဖြင့်ထိုး၍ နေအိမ်မှ ထွက်ပြေးသွားကြောင်းသိရသည်။

ဖခင်ဖြစ်သူ ကိုသန့်ဇင်မင်းမှာ နေအိမ်သို့ပြန်ရောက်စဉ်တွင် သားဖြစ်သူ မောင်ထက်ဝေယံ၏ ရင်ဘတွင် ဓားဒဏ်ရာ ၆ ချက် တွေ့ရှိရသဖြင့် ဆေးရုံသို့ ပို့ဆောင်ရာတွင် မောင်ထက်ဝေယံမှာ လမ်းမှာပင် သေဆုံးသွားကြောင်း သိရသည်။

ကလေးငယ်အား ဓားဖြင့် ထိုးခဲ့သည့် ဘုမချေမှာ လက်ရှိအချိန်တွင် ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေး ရှာဖွေလျက်ရှိကြောင်း သိရသည်။

စစ်တွေမြို့တွင် ညီအစ်မချင်း စကားများရန်ဖြစ်ရာမှ ညီမဖြစ်သူ၏ သားကို အဒေါ်ဖြစ်သူက ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ