Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့တွင် စိတ်ရောဂါခံစားနေရသည့် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်

စစ်တွေမြို့တွင် စိတ်ရောဂါခံစားနေရသည့် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၂ရက်

ယနေ့ အောက်တိုဘာလ ၂ရက် ရခိုင်ပြည် စစ်တွေမြို့ ဓညဝတီရပ်ကွက်တွင် စိတ်ရောဂါခံစားနေရသည့် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးသွားသည်ဟုသိရသည်။

သေဆုံးသွားသူအမျိုးသားမှာ မင်းပြားမြို့နယ် ပုံသာချောင်းကျေးရွာမှ အသက် ၆၂အရွယ် ဦးမောင်သိန်းဖြစ်ကြောင်းသိရသည်။

၎င်းမှ စိတ်ရောဂါခံစားနေရသူတစ်ဦးသည့်အတွက်ကြောင့် စိတ်တွေမြို့ Single ဆေးခန်းတွင် ယနေညနေ ၄နာရီအချိန် ဆေးကုသရန် ချိန်းထားပြီး ၂နာရီအချိန်က ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်သည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကပြောသည်။

‘ကျနော်တို့ ကယ်ဆယ်ရေးသွားလုပ်တဲ့အချိန်ကတော့ ၂နာရီခွဲအချိန်ကပါ သူက စိတ်ဝေဒနါရှင်ဆို့တော့ ယနေ့ ညနေ၄အချိန်မှာ Singleဆေးရုံးမှာ ဆေးကုသဖို့ချိန်းထားတယ်လို့ သိရပါတယ်” ဟုပြောသည်။

သေဆုံးသွားသူ ဦးမောင်သိန်းမှာ ဓညဝတီရပ်ကွယ်ရှိ ဆွေမျိုးတော်စပ်သူ အိမ်တွင် သေဆုံးသွားခြင်းဖြစ်သည်ဟုသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ရက်နေ့ကလည်းကျောက်ဖြူမြို့နယ် ငန်းကျွန်း င/မောက်ကျွိန်ရွာတွင် အသက် ၁၆နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကြိုးဆွဲချသေဆုံးသွားသည်ဟုသိရသည်။

ရခိုင်ပြည်တွင် ယခုနှစ် မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီး မိမိကိုယ်ကို အဆုံးစီရင်သူ အများအပြားရှိနေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ