Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့တွင်းတွင် အမျိုးသမီး ၁ဦး ငွေနှစ်ဆယ်ငါးသိန်းကျပ် အလုခံရ

စစ်တွေမြို့တွင်းတွင် အမျိုးသမီး ၁ဦး ငွေနှစ်ဆယ်ငါးသိန်းကျပ် အလုခံရ

AB News – ဒီဇင်ဘာ ၂၀၊ ၂၀၂၃

ယနေ့ ဒီဇင်ဘာလ ၂၀ရက်၊ နံနက် ၁၀နာရီကျော်အချိန်တွင် ရက္ခိုင်ပြည်၊ စစ်တွေမြို့ထဲ၌ အမျိုးသမီး ၁ဦး ငွေနှစ်ဆယ့်ငါးသိန်းကျပ် အလုခံခဲ့ရကြောင်း AB News မှ စုံစမ်းသိရှိသည်။

ငွေအလုခံရသူမှာ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်မှ အဖ ဦးမောင်စံထွန်း၏ သမီး မအေးမြတ်ခိုင် ၂၃နှစ် ဖြစ်သည်။

မအေးမြတ်ခိုင်မှာ ပြည်တွင်းပြည်ပရက္ခိုင်ပရဟိတ လူငယ်အသင်းမှ ပေါက်တောစစ်ဘေးရှောင်များအတွက် အလှူငွေ နှစ်ဆယ်ငါးသိန်းကျပ်အား မိဇံရပ်ကွက်မှ အဖွဲ့ဝင် ၁ဦးထံ အပ်နှံရန် သွားရာတွင်မျက်နှာဖုံးတပ်ထားသည့် အမျိုးသား ၃ဦးက ဓားဖြင့်ထောက်ပြီး ငွေအား လုယူသွားခဲ့ကြောင်း မြို့ခံ ၁ဦးက AB News သို့ ပြောကြားသည်။

“ဒီနေ့ မနက် ၁၀ နာရီ​ကျော် အချိန်မှာ မအေးမြတ်ခိုင်ဟာ ပေါက်တောစစ်ဘေးရှောင်တွေအတွက် အလှူငွေတွေကို မိဇံရပ်ကွက်က အဖွဲ့ဝင် ၁ဦးဆီ အပ်နှံဖို့သွားတယ်။ အဲဒီမှာသုခမိန်ဆိုင်အနီး လမ်းကြားမှာ မျက်နှာဖုံးတပ်ထားတဲ့ အမျိုးသား ၃ဦးက ဆိုင်ကယ်ဖြင့် လာပြီး ဓားထောက်ကာ ငွေနှစ်ဆယ့်ငါးသိန်းကို လုယူခဲ့တယ်လို့ သိရပါတယ်” ဟု ဆိုသည်။

ငွေအလုခံရသူ မအေးမြတ်ခိုင်သည့် ငွေထုတ်အား စက်ဘီးရှေ့တွင် တင်ကာ မိဇံရပ်ကွက်သို့ သွားစဥ် စစ်တွေမြို့ လမ်းမကြီး၊ ဘီလူးမတံတားအနီးတွင် မျက်နှာဖုံးစွပ်ထားသည့် အသက် ၂၃/၄ အရွယ် လူငယ် ၃ ဦး၏ လုယက်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း ခိုင်လုံသတင်းပေးသူက ပြောသည်။

မအေးမြတ်​ခိုင်အား ၎င်းအမျိုးသား ၃ဦးမှ အား ဓားဖြင့်ထောက်ကာ ခြိမ်းခြောက်ပြီး လုယူခဲ့သည့်အတွက် မအေးမြတ်ခိုင်၏ ဘယ်ဘက်လက်နှင့် ဝမ်းဗိုက်တို့တွင် ဓားခြစ်ဒဏ်ရာများ ရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ