Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့စျေးအတွင်း လက်နက်ကြီး‌ကျရောက်ပေါက်ကွဲမှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရရှိမှုအပေါ်  ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ် အရေးသွားမည်ဟု AA ဆို

စစ်တွေမြို့စျေးအတွင်း လက်နက်ကြီး‌ကျရောက်ပေါက်ကွဲမှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရရှိမှုအပေါ်  ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ် အရေးသွားမည်ဟု AA ဆို

AB News – ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့၌ ဈေးအတွင်းသို့ စစ်ကောင်စီ ရေတပ်၊ စစ်သင်္ဘောတစ်စီးပေါ်မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခဲ့သည့် လက်နက်ကြီးကျ‌ရောက်ပေါက်ကွဲကာ လူအစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရရှိမှုအပေါ် ရက္ခိုင့်တပ်တော် (AA) က ကျူးလွန်သူများအား  စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် “ ပြည်သူလူထုကို အဓိကပစ်မှတ်ထားသော စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွှန်ကြားအမိန့်ပေးနေသော အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ လုပ်ရပ်များကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိရမည်ဖြစ်ပြီး ရက္ခိုင့်တပ်တော်အနေဖြင့်လည်း ရက္ခိုင်ပြည်သူများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေမှုများတွင် ပါဝင်ပတ်သက်နေသောသူများကို စစ်ဆေးဖော်ထုတ်၊ အရေးယူသွားမည်” ဟု ဖော်ပြထားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၉ရက်၊ နံနက် ၈နာရီ၊ ၁၀မိနစ်ခန့်အချိန်တွင် အကြမ်းဖက်စစ်‌ကောင်စီ၏ ရေတပ်၊ စစ်သင်္ဘောတစ်စီးမှ ရည်ရွယ်ချက်ရှိရှိဖြင့် စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်းဈေးအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ ၁၂ဦး သေဆုံးခဲ့ပြီး အပြင်းစားဒဏ်ရာရသူ ၃၁ဦး၊ အလတ်စား၊ အသေးစားဒဏ်ရာရသူ ၅၀ နီးပါးအထိရှိကာ စုစုပေါင်း ၈၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်တွေမြို့နှင့် စစ်တွေမြို့ ပတ်ဝန်းကျင်အနီးတစ်ဝိုက်၌ မည်သည့် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်း မရှိဘဲ အများပြည်သူလူထု ဈေးရောင်းဈေးဝယ်၊ လူစည်ကားနေသောအချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ လူအစုလိုက်အပြုံလိုက် သေဆုံးစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ဤလုပ်ရပ်များမှာ စစ်ကောင်စီသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ကျူးလွန်လိုက်ခြင်းပင် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရက္ခိုင်ဒေသစစ်မျက်နှာတွင် တပ်ရင်း၊ တပ်မ ဌာနချုပ်များ တစ်ခုပြီးတစ်ခု ကျဆုံးခဲ့ပြီး မြို့များ တစ်မြို့ပြီးတစ်မြို့ကို လက်လွှတ်နေရသည့် အကြမ်းဖက်စစ်ကောင်စီသည် စစ်ရှုံးနေမှုကို လက်မခံနိုင်ဘဲ အရှက်ရဒေါသအမျက်ထွက်လျက် လူမျိုးရေးအမုန်းတရားများဖြင့် ပြည်သူများကို တိုက်ခိုက်နေသည်ကို တွေ့ရသည်။

အကြမ်းဖက်စစ်ကောင်စီသည် မြို့၊ ရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် သွားလာသည့်အချိန်၊ အိမ်နေချိန်များ၌ ပေါ့‌ပေါ့တန်တန်မနေကြဘဲ စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က အသိပေးတိုက်တွန်းခဲ့သည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ