Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့ကို စစ်ကောင်စီက တတိယအကြိမ်လက်နက်ကြီးဖြင့်ပစ်ခတ်၊ ၈ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရ

စစ်တွေမြို့ကို စစ်ကောင်စီက တတိယအကြိမ်လက်နက်ကြီးဖြင့်ပစ်ခတ်၊ ၈ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရ

AB News – မတ်လ ၁၀၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့ကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့က လက်နက်ကြီးဖြင့် တတိယအကြိမ်မြောက် ပစ်ခတ်၍  ၈ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့မတ်လ ၉ ရက်၊ ည ၁၁ နာရီ ၂၀ ကျော်အချိန်တွင်အကြမ်းဖက်စစ်ကောင်စီ၏ စစ်တွေအခြေစိုက် အမှတ် ၁၂ ရဲတပ်ရင်းမှ လက်နက်ကြီးတစ်လုံးသည် ကသဲရပ်ကွက်သို့ ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် ၎င်းရပ်ကွက်အထဲတွင် ကျရောက်ပေါက်ကွဲကာ ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း အမျိုးသား  ၁ ဦးက AB News သို့ပြောသည်။

” အမှတ် ၁၂ ရဲတပ်ရင်းကပစ်တာပါ။ မြို့ထဲကိုပစ်သံကြားလိုက်ပါတယ်။ အဲ့ဒီရပ်ကွက်မှ သွားကျတယ်။  ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းအများကြီး ရှိတယ် ” ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် မြို့ခံပြည်သူများ၏ အသက်အိုးအိမ်လုံခြုံမှုသည်လည်း ကင်းမဲ့လာရသည်။

ပြင်းထန်ဒဏ်ရာရရှိသူများကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်နေရကြောင်း သိရသည်။

လက်ရှိတွင် ထိခိုက်သေဆုံးမှု/ရှိမရှိကို AB News က အတည်ပြုနိုင်ရန်အတွက် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီအဖွဲ့က စစ်တွေမြို့ကို အဝင်/အထွက်ပိတ်ဆို့ထားခြင်း၊ လမ်းသွားလမ်းလာသူများကို စစ်ဆေးမေးမြန်းခြင်းနှင့် ငွေညှစ်မှုများပြုလုပ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် စစ်တွေမြို့၊ ပွိုင့် ရေတပ်စခန်းအနီး၌ ကျောက်ချထားသည့် စစ်သင်္ဘောက စစ်တွေမြို့မဈေးကို ရည်ရွယ်ချက်ရှိရှိ ပစ်ခဲ့သည့်အတွက်
အရပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ၈၀ကျော် ဒဏ်ရာရရှိခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ