Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြိုသိုသွားသည့် မင်းပြားမြိုနယ်မှ ကျောင်းဆရာ ၁ဦး ဖမ်းဆီးခံထားရ

စစ်တွေမြိုသိုသွားသည့် မင်းပြားမြိုနယ်မှ ကျောင်းဆရာ ၁ဦး ဖမ်းဆီးခံထားရ

AB News ဇန်နဝါရီ ၇၊ ၂၀၂၄

ယမန်နေ့ ဇန်နဝါရီလ ၆ရက်နေ့တွင် မင်းပြားမြိုနယ်မှ ကျောင်းဆရာ ၁ဦးသည် စစ်တွေမြိုသိုသွားရာတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ၏ ဖမ်းဆီးခြင်းကို ခံထားရဆကြာင်း AB News မှစုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူမှာ မင်းပြားမြိုနယ်၊ ကျောက်ခုတ်ကျေးရွာမှ အလယ်တန်းပြ ကျောင်းဆရာ ဦးစံသိန်းချေ ဖြစ်သည်။

ယင်းကျောင်းဆရာ သည် မင်းပြားမြိုနယ် ကျောက်ခုတ်ကျေးရွာ မှ စစ်တွေမြိုရှိ မိသားစုထံသိုသွားရာတွင် စစ်တွေမြို၊ ကိုးရီးယားဆိပ်ကမ်း (BXT) ၌ စစ် ကောင်စီအဖွဲ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

လက်ရှိတွင် ၎င်းကျောင်းဆရာအား စစ်တွေမြို အမှတ် ၁ရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားကြောင်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲများသည် စစ်တွေမြို၊ ကိုးရီးယားဆိပ်ကမ်း၌ အပြစ်မဲ့အရပ်သားပြည်သူများအား ဖမ်းဆီးခြင်း၊  လက်နက်ပြ ခြိမ်းခြောက်ငွေညစ်ခြင်း၊ ပြည်သူများလုပ်ကိုင်စားသောက်မှုများအားနှောင့်ယှက်ခြင်း၊ ကုန်ပစ္စည်းများနှင့် ငွေကြေးများအား ဓါးပြတိုက် လုယူ ခြင်း စသော  လုပ်ရပ်များအားလုပ်ဆောင်လျှက်ရှိသည်။

ရက္ခိုင်တွင် တကျော့ပြန် တိုက်ပွဲကာလအတွင်း အပြစ်မဲ့ပြည်သူ ၃၀၀ ကျော်ကို စစ်ကောင်စီအဖွဲက ဖမ်းဆီးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ