Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြိုပတ်ဝန်းကျင်မှ ကျေးရွာတစ်ချိုအား စစ် ရေးသတိရှိရှိ ဖြင့် နေထိုင်ကြရန် ညီနောင် ၃ ဖွဲ ထုတ်ပြန်သတိပေး

စစ်တွေမြိုပတ်ဝန်းကျင်မှ ကျေးရွာတစ်ချိုအား စစ် ရေးသတိရှိရှိ ဖြင့် နေထိုင်ကြရန် ညီနောင် ၃ ဖွဲ ထုတ်ပြန်သတိပေး

AB News – ဇန်နဝါရီ ၅၊ ၂၀၂၄

အကြမ်းဖက်စစ်ကောင်စီအဖွဲက ပြည်သူများကို ဦးတည်ပစ်ခတ်လာနိုင်သည့်အတွက်ကြောင့် စစ်တွေမြိုဝန်းကျင်မှ ကျေးရွာတစ်ချိုအား စစ် ရေးသတိရှိရှိ ဖြင့် နေထိုင်ကြရန် ညီနောင် ၃ ဖွဲ က ဇန်နဝါရီလ ၄ ရက်နေ့ ညဥ့် ၁၁ နာရီ ၅ဝ မိနစ်ကထုတ်ပြန်သည်။

“အထူးသဖြင့် ရက္ခိုင်ဒေသ စစ်တွေမြိုပတ်ဝန်းကျင်မှ ကျေးရွာများထဲမှ ဝါဘို၊ စပါးထား၊ ညိုရောင်ချောင်း၊ ကွမ်းတောင်၊ အိုင်ဒင် အစရှိသောရွာများအပါအဝင် အခြားသောကျေးရွာများမှ ရွာသူ၊ရွာသားများအားလည်း အထူးအလေးအနက် သတိပေးအပ်ထားသည်” ဟုထုတ်ပြန်ပါရှိသည်။

ထုတ်ပြန်ချက်တွင် ရှုးမဲမဲနေသော စစ်ကောင်စီသည် ၎င်းတို၏ အကျင့်ဝသီအတိုင်း မိမိတို ရပ်ရွာများနှင့် ပြည်သူများကို အဓိကပစ်မှတ်ထားကာ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုမျိုးကို အဓိကထား ပြုလုပ်နိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန်၊ လက်နက်ကြီးရန်တိုမှ အန္တရာယ်ကင်းစေရန် စစ်ရေး သတိရှိရှိဖြင့် နေထိုင်ကြပါရန် အထူးသတိပေးအပ်ပါသည် ဟု ညီနောင် ၃ ဖွဲက ဆိုသည်။

ဤကဲ့သို အထူးသတိပေးရခြင်းမှာ စစ်ကောင်စီသည် အဆိုပါကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရွာလုံးကျွတ်မီးရှိဖျက်ဆီးခြင်းတိုကို ပြုလုပ်မည်ဟု ကြိမ်ဖန်များစွာ ခြိမ်းခြောက်ထားသောကြောင့် ဖြစ်သည် ဟု သိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲက ကွမ်းတောင်ကို လက်နက်ကြီးပစ်ခတ်မည်ဟု ကျေးရွာဥက္ကထံသို ဖုန်းဆက်လာသည့်အတွက် ရွာခံသားများသည် စိုးရိတ်ထိန့်လန့် ပြီး ရှောင်ပြေးနေရကြောင်း သိရသည်။

စစ်ရေးနှင့်မသက်ဆိုင်သော ပြည်သူများကို လက်နက်ကြီးများဖြင့် မီးရှိဖျက်ဆီးရန် အကြိမ်ကြိမ်သတိပေးထားသည်ဟု သိရသည်။

ပါဒလိတ်တပ်ရင်း နှင့် အမြင့်ကျွန်းတပ်မတို ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များ နေ့စဥ်ရက်ဆက် ပစ်ခတ်နေသည့်အတွက် ကွမ်းတောင်ဒေသခံများမှာ ညဥ့်မအိပ်ရသည့်နေ့များလည်းရှိကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်လ ၁၆ ရက်နေ့ကလည်း မောင်တောမြိုနယ် အင်းဒင်နယ်ခြားစောင့် စခန်းမှ ဗိုလ်မှူးအဆင့်ရှိသူက အောင်သုခကျေးရွာသို လက်နက်ကြီးပစ်ရန်အတွက် ရွာသားများကို ရှောင်ခိုင်းပြီး  နေ့လည် ၂ နာရီကျော်တွင် လက်နက်ကြီးစတင်ပစ်ခတ်ခဲ့ရာ အိမ် ၂ ဆောင်မီးလောင်ကျွမ်းသွားခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ