Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြိုနယ် တောကန်ရွာကို အကြမ်းဖက်စစ်ကောင်စီအဖွဲက မီးရှိနေကြောင်း AA ထုတ်ပြန်

စစ်တွေမြိုနယ် တောကန်ရွာကို အကြမ်းဖက်စစ်ကောင်စီအဖွဲက မီးရှိနေကြောင်း AA ထုတ်ပြန်

AB News – ဇန်နဝါရီ ၁၅၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြိုနယ် တောကန်ရွာကို အကြမ်းဖက် စစ်ကောင်စီအဖွဲက မီးရှိနေကြောင်းAA က ယနေ့ ၉နာရီ ၄၃ မိနစ်တွင်
ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်၊ နံနက် (၉) နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ စစ်တွေမြိုနယ်၊ တောကန်ကျေးရွာအား မီးရှိဖျက်ဆီးလျက်ရှိကြောင်း AA ကဆိုသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ သည် ယနေ့ ၉ နာရီအချိန်တွင် တောကန်ကျေးရွာအား ဝင်ရောက်ပြီး မီးရှိခဲ့ရာ ရွာသားများ အလုအယက်ထွက်ပြေးခဲ့ရကြောင်း သိရသည်။

စကစသည် အရပ်သားပြည်သူများကိုသေနတ်ဖြင့် လိုက်ပစ်မှုများရှိခဲ့သည့်အပြင် ပြည်သူပိုင်ပစ္စည်းများကိုလည်း ခိုးယူနေကြောင်း သိရသည်။

နေအိမ်အများအပြားလောင်ကျွမ်းနေသည့်အတွက် အနီးပတ်ဝန်းကျင်ပြည်သူများလည်း စိုးရိမ်ထိတ်လန့်လျက်ရှိကာ နီးစပ်ရာဆွေမျိုးအိမ်များသို ထွက်ပြေးတိန်းရှောင်ရလျက်ရှိသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲသည် အပြစ်မဲ့ပြည်သူပိုင်နေအိမ်များကို မီးရှိလာသည်မှာ နေ့စဥ်ရက်ဆက်ဖြစ်လာကြောင်း တွေ့ရသည်။

လက်ရှိတွင် အိမ်ခြေမည်မျှလောင်ကျွမ်းသွားသည်ကို AB News က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ