Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေပါဒလိတ်မှ လက်နက်ကြီး ၂ လုံးပစ်၊ ပုဏ္ဏားကျွန်းနယ်ဖက် ကျရောက်ပေါက်ကွဲ

ယခု နိုဝင်ဘာ ၁၄ ရက် နေ့လည် ၂ နာရီ ၂၇ မိနစ်မှ စတင်ပြီး စစ်တွေမြို့ ပါဒလိတ်စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ပုဏ္ဏားကျွန်းမြို့နယ်ဖက်ကိုကျရောက် ပေါက်ကွဲကြောင်း ကနဦးသတင်းရရှိသည်။

ပါဒလိတ် စစ်ကောင်စီတပ်မှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်း အလျဉ်းမရှိဘဲ လက်နက်ကြီးများဖြင့် ရပ်ရွာများဖက်သို့ ပစ်ခတ်နေခြင်းဖြစ်သည်။

လက်နက်ကြီး ၂ နာရီ ၂၇ က တကြိမ်၊ ၂ နာရီ မိနစ် ၄၀ လောက်က တကြိမ် ၂ ကြိမ် ပစ်သံကြားလိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပါဒလိတ်က လက်နက်ကြီးတွေ ပစ်နေပါတယ်။ ဘာတိုက်ပွဲမှလည်း မရှိပါဘူး။ ငြိမ်နေတဲ့အနေအထားမှာ ပစ်တာပါ” ဟု ပြောသည်။

ယနေ့မနက်ကတည်းက ဘူးသီးတောင်ဖက်တွင် လက်နက်ကြီးပစ်သံများ ဆက်တိုက် ကြားနေရပြီး၊ မင်းပြားမြို့မှ အင်အား ၆၀ခန့်ပါ စကစ စစ်ကြောင်းတစ်ခုလည်း မနက် ၈ နာရီလောက်ကတည်းကစပြီး ထွက်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ