Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေနယ်တွင် အကြမ်းဖက် စကစအဖွဲ့များမှ ဒေသခံ လူငယ်များအား စစ်ရေးသတိဆွဲခိုင်း ဟု သိရ

စစ်တွေနယ်တွင် အကြမ်းဖက် စကစအဖွဲ့များမှ ဒေသခံ လူငယ်များအား စစ်ရေးသတိဆွဲခိုင်း ဟု သိရ

AB News – ဒီဇင်ဘာ ၁၀၊ ၂၀၂၃

ရက္ခိုင်ပြည်၊ စစ်တွေ မြို့အနီး ဇော်မဒက်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ ဒေသခံလူငယ်များအား စစ်ရေးသတိဆွဲခိုင်းခဲ့ကြောင်း AB News မှ ထောက်လှမ်း သိရသည်။

စစ်တွေမြို့အနီး ဂန့်ဂေါ်ကျွန်းဖက်တွင်တပ်စွဲထားသည့် အကြမ်းဖက် စကစ အဖွဲ့သည် ယမန်နေ့ ဒီဇင်ဘာ ၉ ရက်မေ့ မွန်းလွှဲ ၁ နာရီ ၄၅ မိနစ်တွင် သေနတ်ပစ်ဖောက်ကာ ဇော်မဒက်ကျေးရွာသို့ ဝင်ရောက်ပြီး လူငယ်များအား ဘုန်းတော်ကြီးကျောင်းသို့ ခေါ်ယူပြီး စစ်ရေးသတိဆွဲခိုင်းခဲ့ကြောင်း သိရသည်။

၎င်းတို့မှ လူငယ်များအား သတိဆွဲခိုင်းရာ မလုပ်ပြတတ်သည့်အတွက် အော်ဟစ်ခြိမ်းခြောက်မှုရှိခဲ့ကြောင်း ဇော်မဒက်ရွာသား တစ်ဦးက AB News သို့ ပြောသည်။

“စကစ တွေက လူငယ်တွေကို ဘုန်းကြီးကျောင်းကိုခေါ်ပြီး သတိဆွဲခိုင်းတယ်၊ သူတို့တွေကမတတ်ဘူးလေ၊ လိမ်နေတာဆိုပြီး အော်ဟစ်ပြီးခြိမ်းခြောက်တာလည်း ရှိတယ် “ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ အဖွဲ့သည် ပြည်သူများအား AA ဟုသတ်မှတ်နေခြင်းဖြစ်သည့်အတွက် ယခုလိုပြုလုပ်နေခြင်း ဖြစ်ကြောင်း အမျိုးသမီးတစ်ဦးက AB News သို့ မှတ်ချက်ပြုထားသည်။

မင်းဂံ နှင့် ဇော်မဒက်အနီးတွင် ထောင်ထားသော စကစ မိုင်းအား AA မှ မိုင်းရှင်းလင်းရေးလုပ်စဥ် ၎င်းတို့မှ အင်အားအလုံးအရင်းဖြင့် ရွာထဲသို့ ဝင်လာပြီး သေနတ်ပစ်ဖောက်ခဲ့ကြောင်း ဖြစ်သည်။

ထို့အပြင် ဇော်မဒက် နှင့် ဂန့်ဂေါ်ကျွန်းသည် တစ်ဖက်တစ်ကမ်းတွင်တည်ရှိပြီး အကြမ်းဖက်စစ်ကောင်စီအဖွဲ့များမှလည်း ထို ၂ ရွာတွင် ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ နှင့် ဒီဇင်ဘာအစောပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့များသည် ရပ်ရွာများသို့ ညအချိန်ဝင်ရောက်ပြီးဖမ်းဆီးလာမှုများရှိနေခြင်း၊ ဧည့်စာရင်း စစ်ဆေးမည်ဟု အကြောင်းပြပြီး ပြည်သူများအားဖမ်းဆီး၍ ငွေညှစ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ