Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေထောင်နှင့် ကျောက်ဖြူ ထောင်မှ အကျဥ်းသားအချို့ လွတ်ငြိမ်းခွင့်တွင်ပါဝင်

စစ်တွေထောင်နှင့် ကျောက်ဖြူ ထောင်မှ အကျဥ်းသားအချို့ လွတ်ငြိမ်းခွင့်တွင်ပါဝင်

ABN-ရှိုင်းမိုး

သြဂုတ် ၁ရက်

စစ်တွေထောင်မှ Western News သတင်းဌာနသို့ အင်တာဗျူးဖြေဆို၍ ထောင်ဒဏ်ကျခံနေရသည့် ပလက်ဝမှ ကိုတင်ထွန်းအောင်အပါဝင် အကျဥ်သား ၃၃ဦး ယနေ့ စကစ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည်။

ရခိုင်ပြည် စစ်တွေ အကျဥ်းထောင်မှ ပလက်ဝ အခြေစိုက် ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့် အကြောင်းကို အင်တာဗျူးဖြေကြားသောကြောင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခံထားရသည့် ကိုတင်ထွန်းအောင်အပါဝင် အကျဥ်သား ၃၃ ဦးလွတ်မြောက်လာသည်ဟု လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ၏ဒါရိုက်တာ ဦးမြတ်ထွန်းက ABNသို့ပြောသည်။

” ဒီနေ့ စစ်တွေထောင်က အကျဥ်သား ၃၃ဦးလွတ်ပါတယ်၊ အဲဒီအထဲမှာ ကိုတင်ထွန်းအောင်လည်းပါတယ်၊ ကျောက်ဖြူထောင်ကလည်းလွတ်မယ်ပြောသံကြားပါတယ်” ဟုပြောသည်။

ကိုတင်ထွန်းအောင်နှင့် ဦးတင်ဦးတို့ကို Western News သတင်းဌာနသို့ အလံဖြူထောင်သည့်ကိစ္စကိုဖြေကြား​ခဲ့သောကြောင့် ၂၀၂၁ ခု

နှစ် ဒီဇင်ဘာလ ၂၈ရက်နေ့က စစ်တပ်နှင့်ရဲပေါင်းပြီးဖမ်းဆီးခဲ့ကြသည်။

အလားတူ ကျောက်ဖြူထောင်မှလည်း မူဆလင်အများစုနဲ့မူးယာဇ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံနေရသူများ လွတ်မြောက်လာသည်ဟုသိရသည်။

မူဆလင်အများစုနဲ့ ဆေးမှုများလွတ်မြောက်လာသောကြောင့် AAနဲ့ဆက်စပ်ဖမ်းဆီးခံထားရသူလည်း လွတ်မြောက်လာနိုင်မည်ဟု ယူဆသောကြောင့် မိသားစုဝင်များမှာ အကျဥ်းထောင်အဝတွင် စောင့်ဆိုင်းနေကြသည်ဟု ဦးဝင်းမောင်၏သမီးကပြောသည်။

“မူဆလင်အများစုတခေါက်လွတ်သွားပြီ၊ နောက်ပြီး ဆေးသမားတွေလားမသိဘူး ကျွန်မလည်းသေချာမမှတ်မိဘူး အဲဒီလို လူတွေ တစ်စုလွတ်လာကြတယ်၊ ဒါကြောင့် ကျွန်မအဖေများပါမလားလို့စောင့်နေတာပါ၊ ခုချိန်ထိတော့ မလွတ်မြောက်သေးပါဘူး” ဟု သူမကပြောသည်။

ရခိုင်မှ ယခုလွတ်မြောက်လာသူများထဲတွင် ရက္ခိုင့်တပ်တော် AAနဲ့ဆက်စပ်ဖမ်းဆီးခံထားရသူများမပါဝင်ကြောင်းသိရသည်။

ယနေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် အကျဥ်းသား/သူ ၇၇၄၉ဦးတို့ကိုလွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ထိုအထဲတွင် ရက္ခိုင့်တပ်တော်မှ ၁ ဦးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ၂၂ဦးလွတ်မြောက်လာကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ