Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် White House KTV ကို စစ်ကောင်စီတပ် ဝင်စီး၊ ဝန်ထမ်းများနှင့် ဧည့်သည်များပါ ဖမ်းဆီးခံရ

စစ်တွေတွင် White House KTV ကို စစ်ကောင်စီတပ် ဝင်စီး၊ ဝန်ထမ်းများနှင့် ဧည့်သည်များပါ ဖမ်းဆီးခံရ

ABN-ဇူလိုင် ၃၁ ရက်

ရခိုင်ပြည် စစ်တွေမြို့တွင် ဖျော်ဖြေရေး White House (အိမ်ဖြူတော်) ဟု လူသိများကြသည့် စားသောက်ဆိုင်နှင့် ကာရာအိုကေဆိုင်ကို ပြီးခဲ့သည့် ဇူလိုင် ၃၀ရက် ည ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများနှင့် ဧည့်သည်များကိုပါ ဖမ်းဆီးသွားကြောင်း ကနဦးစုံစမ်းသိရှိရသည်။

KTV ဝန်ထမ်းများနှင့် ဧည့်သည် စုစုပေါင်း ၅၀ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

White House မှာ အနောက်စံပြရပ်ကွက် မြင်းစီးပြင်လမ်းတွင်ရှိပြီး ပိုင်ရှင်မှာ ဦးသိန်းရွှေ ဖြစ်ကြောင်း သိရသည်။

White House ၏ ပိုင်ရှင် ဦးသိန်းရွှေမှာ စစ်ကောင်စီတပ်အရာရှိကြီးနှင့် ရင်းနီးကျွမ်းဝင်သူတစ်ဦးဖြစ်ပြီး ငွေးကြေးချမ်းသာသူ တစ်ဦးဖြစ်သည်။

White House KTV ကို အနောက်ပိုင်းတိုင်း တိုင်းမှူးကိုယ်တိုင် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသော်လည်း မည်သည့်အကြောင်းကြောင့် ဟူသည်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။

အကြောင်းစုံသိရှိနိုင်ရန် နယ်လုံ ဦးကျော်သူရအား ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ