Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် MPT ဝန်ထမ်းတစ်ဦး ဓားထိုးခံရ၍ သေဆုံး

ABN-ရှိုင်းမိုး

ရခိုင်ပြည်စစ်တွေမြို့တွင် ယနေ့ နံနက် ၅နာရီကျော်အချိန်က MPT ဆက်သွယ်ရေးဌာနမှ ဝန်ထမ်းတစ်ဦး လည်မျိုတွင် ဓားထိုးခံရ၍ သေဆုံးသွားသည်ဟုသိရသည်။

သေဆုံးသွားသူသည် စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်မှ အသက် ၅၄နှစ်အရွယ် ဦးဖြူစောလှဖြစ်သည်။

၎င်းမှာ MPT ဆက်သွယ်ရေးဌာနတွင်အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်း တစ်ဦးဖြစ်သည်။

၎င်းးကို လည်မျိုတွင် ဓားတန်းလန်းနှင့် သတိမေ့လျှက် MPT ဆက်သွယ်ရေးရုံးခြံဝန်းအတွင်း တွေ့ရှိသည်ဟုရွှေရောင်မေတ္တာဖောင်ဒေးရှင်းကပြောသည်။

ထိုလူကိုတွေ့ရှိစဥ်က အသက်ရှိသော်လည်း ဆေးရုံသို့ ရောက်သည့်အချိန်တွင်သေဆုံးသွားကြောင်းပြောသည်။

“ကျွန်တော် သူ့ကိုတွေ့စခါတော့အသက်ရှိပါသေးတယ်၊ သူလည်မျိုမှာလည်း ဓားတန်းလန်းနဲ့ပါ၊ ကျွန်တော်က သူ့ကို ဆေးရုံးကိုယူခဲ့ပါတယ်၊ ဆေးရုံရောက်တာနဲ့ဆုံးသွားပါတယ်” ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကပြောသည်။

သူသည် ယမန်နေ့ညက အိမ်ကိုပြန်မသွားဘဲ တခြားဝန်ထမ်းများနှင့် ရုံးတွင်အိပ်ရန်ကျန်ခဲ့သည်ဟုသိရသည်။

“သူကမနေ့က ရုံးမှာ အိပ်တယ်လို့ပြောပါတယ်၊ မနက်ကျတော့ ခြံဝန်းထဲမှာ ဒဏ်ရာတွေနဲ့တွေ့တယ်ဆိုပြီး ကျနော်တို့ကိုဖုန်းဆက်အကြောင်းကြားလာပါတယ်” ဟုရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြောသည်။

စစ်တွေတွင် မတ်လ ၁၇ရက်နေ့ နံနက်၆နာရီကျော်အချိန်တွင်လည်း မသန္တာဝင်း အသက် ၁၂နှစ်အရွယ်ကလေးငယ်တစ်ဦး အရိုက်ခံထားရသောဒဏ်ရာများနှင့် ဆေးရုံးတွင်သေဆုံးခဲ့သည်။

ဓာတ်ပုံ-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

စစ်တွေတွင် MPT ဝန်ထမ်းတစ်ဦး ဓားထိုးခံရ၍ သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ