Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် KTVမှ ALP ဆတ်ကြေးကောက်နေ

စစ်တွေတွင် KTVမှ ALP ဆတ်ကြေးကောက်နေ

ABN-ကိုဟိန်းထွန်း

ရခိုင်ပြည်၊ စစ်တွေမြို့ နာဇီရွာအုပ်စု ရွာသာယာတွင် ALP တပ်ဖွဲ့ဝင်များက ဦးဦးစောမြင့် KTV ဆိုင်မှ တစ်လလျှင် ဆတ်ကြေးအခွန်ငွေ ၂ သိန်းပေးရမည်ဟုတောင်းခဲ့သည်ဟုသိရသည်။

ALP တပ်ဖွဲ့ဝင် ၂၀ ကျော်သည် လက်နက်ခဲယမ်းအပြည့်ဖြင့် နာဇီရွာအုပ်စု ရွာသာယာရပ်ကွက်ထဲသို့ ဧပြီလ ၂၀ ရက်နေ့က ဝင်ရောက်ကာ အခွန်ငွေတောင်းသည်ဟု KTV ဝန်ထမ်း အလုပ်သမား ၁ ဦးထံမှ သိရသည်။

၎င်းတို့သည် အာကျိတ်တောင်ကုန်း ရွာသာယာရပ်ကွက်အတွင်း ဆိုင်ကယ် ၃ စီးဖြင့် ALPအဖွဲ့ဝင် ၆ ဦးသည် လက်နက်များကို ကိုင်ဆောင်လျက် အိမ်များကိုလိုက်လံကြည့်ရှူနေကြောင်း အမည်မဖော်လိုသူ ၁ ဦးက ABN သို့ပြောသည်။

” ည ၉ နာရီ ၂၈ မိနစ်လောက်မှာပါ၊ အာကျိတ်တော်ကုန်းနားက ရွာသာယာဝင်တဲ့လမ်းမှာ ဆိုင်ကယ် ၃ စီးနဲ့ လူ ၆ ယောက်ဟာ သေနတ်တွေကိုင်လို့ ဟိုအိမ်ကိုကြည့်၊ ဒီအိမ်ကိုကြည့်နဲ့ ချောင်းကြည့်ကြတယ်၊ ပြီးတော့ တစ်လမ်းဝင် တစ်လမ်းထွက် ပတ်နေကြတယ် ” ဟု ၎င်း မှဆိုသည်။

ALP အဖွဲ့ဝင်များသည် စစ်တွေမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းက ရဲများနှင့်ပူးပေါင်းပြီး ပြည်သူများကို ဖမ်းဆီးကာ ငွေညှစ်မှုများ ပြုလုပ်လေ့ရှိကြောင်း စစ်တွေမြို့ခံ ၁ ဦးက ABN သို့ ပြောသည်။

“သူတို့က ရဲတွေနဲ့ပူးပေါင်းပြီး ညဆိုရင် ဘုရားကြီးလမ်းဖက်ကပတ်ပြီး လည်ပတ်ကြတယ်၊ လူတွေကို ဖမ်းပြီး ထိတ်တုံး ၁ လခတ်ပြီး ငွေညှစ်တာတွေလုပ်တယ် ” ဟုဆိုသည်။

ဧပြီလ ၁၈ ရက်နေ့ကလည်း ALP အဖွင့်ဝင် ၈ ဦးသည် ကံပြင်ရွာမှ ရွာလူကြီးဖြစ်သည့် ဦးမောင်ငြိမ်းကို သိန်း ၇၀၀ ဖြင့် ပြန်ပေးဆွဲခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ