Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ALP ရုံးအနီး မုန့်တီဆိုင်တစ်ဆိုင် ရောင်းခွင့် ဖယ်ရှားခံရ

စစ်တွေတွင် ALP ရုံးအနီး မုန့်တီဆိုင်တစ်ဆိုင် ရောင်းခွင့် ဖယ်ရှားခံရ

ABN-ရှိုင်းမိုး

စက်တင်ဘာ ၂၄ရက်

ရခိုင်ပြည် စစ်တွေမြို့တွင် ALP ရုံးအနီးရှိ မုန့်တီဆိုင်တစ်ဆိုင်ကို ALPအဖွဲ့က ရောင်းခွင့်ပိတ်ပင်လိုက်သည်ဟုသိရသည်။

စက်တင်ဘာလ ၂၁ရက်နေ့ နေ့လည်ပိုင်းက စစ်တွေမြို့ရှိ စောမြရာဇာလင်းဦးဆောင်သည့် ALP အဖွဲ့မှ မုန့်တီဆိုင်ပိုင်ရှင်ကိုခေါ်၍ ဆိုင်မရောင်းရဟု တားမြစ်လိုက်ကြောင်း ဆိုင်ရှင်ဖြစ်သူက ပြောသည်။

“ALP ရုံးက ကျွန်မကိုခေါ်ပါတယ်၊ ပြီးတော့စျေးမရောင်းရပြောပါတယ်၊ ဘာကြောင့်လဲဆိုတာကျွန်မလဲမသိပါဘူး၊ ဒါကြောင့် ကျွန်မ အဲဒီနေ့ကတည်းကမရောင်းတော့ပါဘူး” ဟုဆိုသည်။

တားမြစ်ခံလိုက်ရသော မုန့်တီဆိုင်သည် စစ်တွေမြို့ မင်းဂံ အကွက် ၂ နှင့် အကွက် ၃ ကြား တက္ကသိုလ်ဆင်းလမ်းရှိ မင်းဖလောင်းလမ်းထိပ် လေးခွဆုံမှ မုန့်တီဆိုင်ဖြစ်သည်။

အဆိုပါ မုန့်တီဆိုင်မှာ ဦးဇော်ဇော်ဌေး မုန့်တီဆိုင်ဖြစ်ပြီး မုန်တီစားသုံးသူများဖြင့် စည်ကားသည့် မုန့်တီဆိုင်ဖြစ်ကြောင်း သိရသည်။

ထိုမုန့်တီဆိုင်အနီးတွင် တခြားစျေးဆိုင်များနဲ့ မုန့်သည်များလည်းစျေးရောင်းချ၍ရှိကြောင်းသိရသည်။

ထိုစျေးဆိုင်များထဲမှ ဦးဇော်ဇော်ဌေးမုန့်တီဆိုင်ကိုသာ ပိတ်ခိုင်းခြင်းဖြစ်သည် ထိုအနီးရှိ စစ်တွေဒေသခံတစ်ဦးက ပြောသည်။

“စျေးဆိုင်တွေကတော့အများကြီးရှိပါတယ်၊ ဒါပေမယ့် အဲဒီဆိုင်ကိုပဲပိတ်ခိုင်းပါတယ်၊ သူတို့ဆိုင်က အစိုးရပိုင်​မြေကွက်ကိုလည်းကျုးကျော်ပြီးရောင်းထားတာမရှိဘူး၊ ဒီတိုင်းရိုးရိုးတန်းတန်းပုံမှန်ရောင်းချနေကြတာပါ” ဟုဆိုသည်။

ဦးဇော်ဇော်ဌေးမှာ သားသမီး ၃ယောက်ရှိပြီး ထိုသားသမီးများ၏ ပညာရေး၊ မိသားစု စားဝတ်နေရေးကအစ မုန့်တီဆိုင်ရောင်း၍ စားသောက်နေကြရသည်ဟု ဦးဇော်ဇော်ဌေးက ဆက်ပြောသည်။

“ကျွန်တော်တို့ မုန့်တီဆိုင်ရောင်းလို့စားတာ၊ ကလေးတွေကိုစာသင်တာနဲ့ ဆိုင်ရောင်းပြီးသင်တာပါ၊ တခြားအလုပ်ကမရှိပါဘူး၊ အခုအလုပ်လက်မဲ့ဖြစ်နေတာ ၄ရက်ရှိပါပြီ၊ အရမ်းအခက်အခဲဖြစ်ပါတယ်၊ ​ဖြစ်နိုင်ရင် ရောင်းချခွင့်ပေးစေချင်ပါတယ်” ဟုဆိုသည်။

အဆိုပါ မုန့်တီဆိုင်ကို ALP ခေါင်းဆောင် စောမြရာဇာလင်းက ​ဖြိုဖျက်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ALP အဖွဲ့ထံမှ အမည်မဖော်လိုသူတစ်ဦးကပြောသည်။

စစ်တွေတွင် စောမြရာဇာလင်း ဦးဆောင်သည့် ခွဲထွက် ALP အဖွဲ့မှ ပြည်သူများကို ဒုက္ခအမျိုးမျိုးပေး နှောက်ယှက်မှုများရှိနေသည့်အတွက် ALP၏ စစ်ဦးစီးချုပ်ဆိုသူအပါအဝင် ရဲဘော်များပါ မကြာခဏ လုပ်ကြံ သတ်ဖြတ်ခံနေရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ