Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ALP နှင့် ရာအိမ်မှူးများပူးပေါင်းပြီး မြို့ ခံ ၃ ဦးကိုဖမ်းဆီး

စစ်တွေတွင် ALP နှင့် ရာအိမ်မှူးများပူးပေါင်းပြီး မြို့ ခံ ၃ ဦးကိုဖမ်းဆီး

AB News – ဒီဇင်ဘာ ၁၆၊ ၂၀၂၃

ရက္ခိုင်ပြည်၊ စစ်တွေမြို့တွင် ALP နှင့် ရာအိမ်မှူးတို့ပူးပေါင်းပြီး နာဇီရွာရပ်ကွက်မှ ဒေသခံ အမျိုးသား ၃ ဦးတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း AB News မှ ထောက်လှမ်းသိရှိရသည်။

ဖမ်းဆီးခံရသူများမှာ မောင်ကျော်မြင့်အောင်၊ ဦးလင်းစိုး၊ ဇော်မျိုးအောင် တို့ဖြစ်ကြောင်း သိရသည်။

ALP နှင့် ရာအိမ်မှူးတို့သည် ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်း ၁၂ နာရီတွင် လက်နက်ခဲယမ်းအပြည့်ဖြင့် နာဇီရွာရပ်ကွက်သို့ ဝင်ရောက်ပြီး ဒေသခံများအား နေအိမ်များပေါ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“ALP နဲ့ ရာအိမ်မှူးတွေလာပြီး အိမ်တွေကိုဝင်ကြတယ်၊ ဘာမှမပြောပဲနဲ့ တွေ့တဲ့သူတွေကို ဖမ်းခေါ်သွားတယ်၊ ဘယ်သူမှလည်း မပြောဝံ့ကြဘူး” ဟု ဆိုသည်။

ဖမ်းဆီးခြင်းခံရသော သူများကို မည်သည့် နေရာသို့ ခေါ်ဆောင်သွားသည်ကို တိတိကျကျမသိရှိရသော်လည်း ALP ရုံး ( သို့) စစ်တွေ အမှတ် ( ၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ဒေသခံများ ခန့်မှန်းထားကြသည်။

လက်ရှိတွင် ALP သည် ရာအိမ်မှူးများ၊ စစ်ကောင်စီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ပြည်သူများအား အဓမ္မဝင်ရောက်ဖမ်းဆီးခြင်း၊ ငွေညှစ်မှုများပြုလုပ်လာခြင်းအပါအဝင် သတင်းပို့ပေးသူများအား အကြမ်းဖက် ဝင်ရောက်ရှာဖွယ်ခြင်းများကိုလည်း ပြုလုပ်လာကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ALP တွင် အုပ်စုအလိုက် အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုရှိနေခြင်း၊ အထက်အောက် အာဏာလုနေခြင်းများကြောင့် စစ်ဦးစီးချုပ်များနှင့် ရဲဘော်များအချို့ လုပ်ကြံသတ်ဖြတ်ခြင်းကို မကြာခဏခံရလေ့ ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ