Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ALPမှ စစ်ဦးစီးချုပ်နှင့် တပ်မှူးနှစ်ဦးတို့၏ အသုဘချရေးအတွက် စစ်ကောင်စီမှ လုံခြုံရေးအပြည့်ယူထား

ABN ရှိုင်းမိုး

စစ်တွေတွင် ALPမှ စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦးတို့၏ အသုဘချရေးအတွက် စစ်ကာင်စီမှ လုံခြုံရေးအပြည့်ယူထားကြောင်းသိရသည်။

ဇန်နဝါရီလ ၄ ရက် နံနက် ၈ နာရီကျာ် အချိန်တွင် စစ်တွေမြို့ ရွာသာယာအနီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ALP မှ ထိပ်ပိုင်းခေါင်းဆောင် ၃အား ယနေ့ ၁ နာရီကျော်တွင် အသုဘချသွားမည်ဟုသိရသည်။

ထို ၃ ဦးကို အသုဘချရန်အတွက် စစ်ကောင်စီတပ်သားများသည် ALPရုံး၊ မီးစက်ကြီး ခွဆုံလမ်းမှ ကားဂိတ်တစ်လျှောက် ရွာသာယာအနီးအနားပတ်ဝန်းကျင်ထိ လုံခြုံရေးယူထားကြောင်းသိရသည်။

“မနက် ၈နာရီခွဲလာက်အချိန်ကတည်း သူတို့လုံခြုံရေးယူနေကြတာပါ၊ စစ်ကားတွေလည်း တန်းစီးနေပါတယ်၊ လက်နက်တွေအပြည့်နဲ့ပါ၊ ALPရုံးမှ သုဿန်ကိုထိ စစ်သားတွေအပြည့်ပါ” ဟု မြို့ခံများက ပြောသည်။

ပုံစာ-စစ်ကောင်စီတပ်ဖွဲ့များ စစ်တွေမြို့ထဲတွင်သွားလာနေစဥ်/ပုံဟောင်း

စစ်တွေတွင် ALPမှ စစ်ဦးစီးချုပ်နှင့် တပ်မှူးနှစ်ဦးတို့၏ အသုဘချရေးအတွက် စစ်ကောင်စီမှ လုံခြုံရေးအပြည့်ယူထား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ