Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ၅ရက်ကြာပျောက်ဆုံးနေသော အမျိုးသားကို ရေမြောင်းထဲတွင်သေဆုံးလျှက်တွေ့ရှိ

စစ်တွေတွင် ၅ရက်ကြာပျောက်ဆုံးနေသော အမျိုးသားကို ရေမြောင်းထဲတွင်သေဆုံးလျှက်တွေ့ရှိ

ABN-ရှိုင်းမိုး

စက်တင်ဘာ ၁၄ရက်

ရခိုင်ပြည် စစ်တွေမြို့တွင် ၅ ရက်ကြာပျောက်ဆုံးနေသော အမျိုးသားကို ရေမြောင်း၌ သေဆုံးလျှက် ယနေ့ နေ့လည် ၁နာရီကျော်အချိန်တွင် တွေ့ရှိခဲ့သည်ဟုသိရသည်။

ရေမြောင်း၌သေဆုံးနေသည့် အမျိုးသားသည် စစ်တွေမြို့ ဓညဝတီ အကွက် (ခ)မှ အသက် ၃၃ နှစ်အရွယ် ဦးမောင်တင်ဝေဖြစ်ပြီး ၎င်းအလောင်းကို ထိုရပ်ကွက်တွင် ရေမြောင်းတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဦးမောင်တင်ဝေကို ယနေ့ နေ့လည်ပိုင်း ၁နာရီကျော်အချိန်က ရေမြောင်းထဲ၌ သေဆုံးနေသည်ကိုတွေ့ရှိ၍ ဒေသခံများက ရွှေရောင်မေတ္တာဖောင်ဒေးရှင်းသို့ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု ရွှေရောင်မေတ္တာက ပြောသည်။

“ကျနော်တို့ကို ၁နာရီလောက်က ဖုန်းဆက်လာပါတယ်၊ ကျွန်နော်တို့သွားကြည့်တော့ အလောင်းက ရက် အတော်ကြာနေတဲ့ပုံပဲ၊ အနံ့တွေမကောင်းတော့ဘူး၊ ကျွန်နော်တို့ ရင်ခွဲရုံသို့ပို့ပေးခဲ့ပါတယ်၊ မိသားစုတွေကတော့ အလောင်းကိုအတည်ပြုပေးပါတယ်” ဟုဆိုသည်။

ဦးမောင်တင်ဝေသည် စက်တင်ဘာလ ၁၀ ရက်နေ့က ၎င်းနေအိမ်မှ ပျောက်ဆုံးသွားသည်ဟု မိသားစုဝင်များက အတည်ပြုပြောကြားသည်ဟု သိရှိရသည်။

ဦးမောင်တင်ဝေမှာ သားမယားရှိသော်လည်း လက်ရှိတွင် ကွားရှင်းထားကြောင်း သိရှိရသည်။

ဓာတ်ပုံ-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ