ABN-ထက်မြတ်ခင်
မတ်လ ၁၁ရက်နေ့ နံနက် ၁၀နာရီခန့် တွင် စစ်တွေမြို့ မောလိပ်ထ(ခွဲ)ကျောင်း၊ Grade11တွင် ပညာသင်ယူနေသော ကျောင်းသားတစ်ဦး၏ နေအိမ်အား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPအဖွဲ့ဝင် ၇ဦးမှ သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်ကာ ဖမ်းဆီးပြီး ၁၈ ရက်ကြာ ချုပ်နှောင်ခြင်းလုပ်ရပ်သည် အားကိုးရာမဲ့ပြည်သူများအား လက်နက်အားကိုးဖြင့် ဗိုလ်ကျအနိုင်ကျင့်ခြင်းဖြစ်ပြီး အကြမ်းဖက်များ၏ လုပ်ရပ်အဖြစ်မှတ်ယူ၍ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့မှ အပြင်းအထန်ကန့်ကွက် ရှုတ်ချကြောင်း ယနေ့မေလ၄ရက်နေ့တွင်ထုတ်ပြန်ထားသည်။
အပြည့်အစုံကို ထုတ်ပြန်ချက်တွင် ဖတ်ပါ။
