Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် အေးငြိမ်းအထူးကု ပုဂ္ဂလိကဆေးရုံမှ မန်နေဂျာ၊ လူနာတင်ယာဥ်မောင်းသူနှင့်ကားကိုပါ စစ်ကောင်စီအဖွဲ့ကဖမ်းဆီး

စစ်တွေတွင် အေးငြိမ်းအထူးကု ပုဂ္ဂလိကဆေးရုံမှ မန်နေဂျာ၊ လူနာတင်ယာဥ်မောင်းသူနှင့်ကားကိုပါ စစ်ကောင်စီအဖွဲ့ကဖမ်းဆီး

AB News – ဒီဇင်ဘာ ၈၊ ၂၀၂၃

ရက္ခိုင်ပြည်၊ စစ်တွေမြို့ အေးငြိမ်းအထူးကု ပုဂ္ဂလိကဆေးရုံ မန်နေဂျာ တစ်ဥွီးနှင့် ယာဥ်မောင်းတစ်ဦးတို့အား စစ်ကောင်စီက ဖမ်းဆီးသွားသည့်အပြင် အရေးပေါ် လူနာတင်ယာဥ်တစ်စီးကိုပါ ဖမ်းယူသွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စကစ အဖွဲ့သည် ယမန်နေ့ည ၁၁ နာရီနီးပါးတွင် ကွမ်းဝယ်ရန်ထွက်လာသည့် ဆေးရုံဝန်ထမ်း ၂ ဦးအားဖမ်းခေါ်သွားခဲ့ကြောင်း စစ်တွေ မြို့ခံတစ်ဦးက AB News သို့ပြောသည်။

“အနီးနားကကွမ်းယာဆိုင်ကို ကွမ်းဝယ်ဖို့သွားတယ်၊ စကစ တွေက လာပြီး ဖမ်းသွားတယ် “ဟု ဆိုသည်။

ထို့အပြင် ၎င်းတို့အား စစ်ကောင်စီမှ သနတ်ပစ်ဖောက်ပြီး ဖမ်းခေါ်သွားခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်

ဖမ်းဆီးခံရသူများမှာ အေငြိမ်းအထူးကု ပုဂ္ဂလိကဆေးရုံမန်နေဂျာ အသက် ၃၇နှစ် ဦးမောင်မင်းသူနှင့် ယာဥ်မောင်းသူ အသက် ၄၉နှစ် ဦးညီညီ တို့ဖြစ်သည်။

၎င်းကိစ္စအား အတည်ပြုရန် AB News မှ အေးငြိမ်းဆေးခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျဆေးဝန်ထမ်းတစ်ဦးက ယခုလိုပြောသည်။

လာရောက်ဖမ်းဆီးသူများမှာ ရဲမှူးအောင်စိုးနိုင်၊ ဒုရဲမှူး လှဦးတို့အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၂၀ ခန့်က လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့်သူများအား စစ်တွေမြို့အမှတ် ၁ ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။

စစ်ကောင်စီသည် ရက္ခိုင်ပြည်တွင်းရှိ သတင်းဌာနများကို ဖမ်းဆီးရန် ကြိုးပမ်းနေသည့်အပြင် သတင်းများအား Like၊ Share၊ Copy ဖြန့်ဝေသူများကိုပါ ဖမ်းဆီးရန် ကြိုးပမ်းလာသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ