Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် အမွေကိစ္စစကားများရန်ဖြစ်ရာမှ ၄ လောင်းပြိုင် လူသတ်မှုဖြစ်ကြောင်းသိရ

ABN -ရှိုင်းမိုး

ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၈နာရီခွဲခန့် စစ်တွေမြို့နယ် ပလ္လင်ပြင်ရွာသစ်၏ အရှေ့ဘက်လယ်ကွင်းတွင် အမွေကိစ္စစကားများရန်ဖြစ်ရာမှ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦး တပြိုင်နက် အသတ်ခံရကြောင်းသိရသည်။

အသတ်ခံရသူများမှာ ဘော်ဒီရာမန်(၆၅)နှစ်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဖာတေဘာခါတူ(၅၅)နှစ်၊ သားဖြစ်သူ ဘော်ဆီရာမောက်(၃၅)နှစ်၊ သမီးဖြစ်သူ အာလီမာခါတူ(၃၇)နှစ်တို့ ဖြစ်ကြောင်းသိရသည်။

သေဆုံးသူ ဘော်ဒီရာမန် မိသားစုနှင့် ၎င်း၏ ညီအရင်းဖြစ်သူ ဆော်ဒီရာမန်(၅၅)နှစ်တို့သည် လယ်ယာမြေအမွေကိစ္စ စကားများရန်ဖြစ်ရာမှ ဆော်ဒီရာမန်နှင့် သားဖြစ်သူ အဘူလာရှိန်း(၃၀)နှစ်၊ အဒူရှော်ဘီ(၂၂)နှစ်တို့က ဓားဖြင့်လည်လှီးသတ်ဖြတ်ခဲ့ကြောင်းသိရသည်။

အသတ်ခံလိုက်ရသည့် ဦးဘော်ဒီရာမန်နှင့် ၎င်း၏ညီဖြစ်သူ ဦးဆော်ဒီရာမန် ညီအစ်ကို ၂ ဦးတို့ကြား လယ်ယာမြေ အမွေကိစ္စကြောင့် အမှုဖြစ်ပွားနေသည်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံ၏သတင်းပေး ပြောကြားချက်အရ သိရသည်။

အဆိုပါ (၄)လောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး တရားခံ ဆော်ဒီရာမန်နှင့် အဘူလာရှိန်းတို့ ၂ ဦးကို ယမန်နေ့ နေ့လည် ၁ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ပြီး ကျန်တရားခံ ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်နေသေးကြောင်း သိရှိရသည်။

လက်ရှိတွင် သေသူမိသားစုများ၏ အလောင်းကို စစ်တွေမြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း နာရေးကူညီမှုအသင်းက ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ