Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် အမြင့်ပေ ၆၀ရှိ နစ်ပေါင်း ၄၂နှစ်ကြာ ရေစင်ဟောင်းကြီး ပြိုကျမည်ကို ရပ်ကွက်သားများစိုးရိမ်​

စစ်တွေတွင် အမြင့်ပေ ၆၀ရှိ နစ်ပေါင်း ၄၂နှစ်ကြာ ရေစင်ဟောင်းကြီး ပြိုကျမည်ကို ရပ်ကွက်သားများစိုးရိမ်​

ABN-ရာဟု

ဧပြီ ၂၅ရက်

ရခိုင်ပြည် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်တွင်ရှိသည့် အမြင့်ပေ ၆၀ရှိ ရေစင်ကြီးမှာ ဟောင်းနွမ်းပျက်စီးလာ၍ ပြိုကျမည်ကို ပြည်တော်သာရပ်ကွက်နေပြည်သူများက စိုးရိမ်နေကြကြောင်းသိရသည်။

ရေစင်ကြီးကို ၁၉၈၁ခုနှစ်က စတင်ဆောက်လုပ်ခဲ့သည်ဟုသိရကာ လက်ရှိတွင်နှစ်ပေါင်း၄၂နှစ်ခန့် ကြာမြင့်လာသဖြင့် ရေစင်အောက်ခံ ကွန်ကရစ်တိုင်များမှာလည်း ကွာကျကာ အထဲမှသံချောင်များကို မြင်လာနေရသည်။

ရေစင်ကြီးမှာ ရေမရှိသလို အသုံးမပြုဘဲထားသည်မှာ နှစ်ကာလ အတန်ကြာနေပြီဖြစ်သည့်အတွက် ဆွေးမြည်းပျက်စီးကာ ပြိုကျသွားမည်ကို အလွန်စိုးရိမ်နေကြရသည်ဟု ပြည်တော်သာရပ်ကွက်နေ ဦးကျော်စိန်က ABN သို့ပြောသည်။

“ရေစင်ကို ၁၉၈၁မှာ စဆောက်တာမှတ်မိတယ်၊နှစ်၄၀ကျော်ပြီ၊ တိုင်တွေက ဘိလပ်မြေတွေကွာပြီး သံတိုင်ကိုဒီအတိုင်မြင်နေရတာ ၊ရေစင်မှာ ရေမရှိတာက နှစ်တော်တော်ကြာနေပြီ၊ ပြိုကျသွားရင် အန္တရာယ်ရှိလို့ အရမ်းစိုးရိမ်ရတယ်” ဟုပြောသည်။

ပြည်တော်သာရပ်ကွက်တွင် ယခင်နှစ်၂၀ကျော်ကလည်း ရေစင်ကြီးတစ်ခု ဟောင်းနွမ်းပျက်စီးကာ ညဖက်တွင် ပြိုကျပျက်စီးမှု တစ်ခုဖြစ်ပွားခဲ့ကာ ပြည်သူများစိုးရိမ်​ထိတ်လန့်မှု ဖြစ်ပွားခဲ့ရကြောင်း သိရသည်။

ယခုရေစင်အနီးတွင်လည်း မူလတန်း ကျောင်းရှိ၍ ရေစင်ကြီးပြိုကျပြီး ကလေးများကို ထိခိုက်မည်ကို စိုးရိမ်သည်ဟု ရပ်ကွပ်နေပြည်သူတစ်ဦးက ပြောသည်။

“ကျမတို့ တစ်ခါကြုံဖူးပြီး၊ ညနေ ၇နာရီ ကျော်မှာ ရေစင်ဟောင်းကြီးတစ်ခုပြိုတာ၊ အရမ်းလန့်သွားတာ၊ လူထိခိုက်မှုတော့မဖြစ်ဘူး၊ ခုဒီရေစင်က ပျက်စီးလာပြီး ၊ အနီးမှာ ကလေးတွေတက်နေတဲ့ ကျောင်းရှိတယ် ၊ ပြိုသွားရင် အန္တရာယ်ဖြစ်မှာ ကြောက်တယ်” ဟု ပြည်တော်သာရပ်ကွက်မှ ဒေါ်မမြသန်းက ABNကို ပြောသည်။

ရေစင်းကြီးမှာ အိုဟောင်းပျက်စီလာကာ လက်ရှိအသုံးမပြုတော့သည့်အတွက် တာဝန်ရှိသူတွေအနေနှင့် လာရောက်ကာ ပြည်သူများအန္တရာယ် မဖြစ်စေရန် ဖြိုဖျက်ပေစေလိုကြောင်းရပ်ကွက်နေပြည်သူများက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ