Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် သားဖနှစ်ယောက် သေနတ်ပစ်ခံရ၍ အဖဖြစ်သူသေဆုံး၊ သမီးဖြစ်သူဆေးရုံတင်ထားရ

ABN-ရှိုင်းမိုး

အောက်တိုဘာ ၅ရက်

ရခိုင်ပြည် စစ်တွေမြို့တွင် ယနေ့ ၈နာရီကျော်အချိန်က သားဖနှစ်ယောက်သေနတ်ပစ်ခံရ၍ အဖဖြစ်သူပွဲချင်းပြီးသေဆုံးကာ သမီးဖြစ်သူမှာဒဏ်ရာရရှိသွား၍ အရေးပေါ်ဆေးရုံတင်ထားရကြောင်းသိရှိရသည်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့်နေရာသည် စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ ပါရမီဘုန်းတော်ကြီးကျောင်းနားတွင် ၈နာရီကျော်အချိန်က သေနတ်ပစ်ခံသံ ၅ချိန်ကြားလိုပ်သည်ဟု သိရသည်။

ပစ်ခတ်သံကြားသောနေရာကို ဒေသခံများသွားရောက်ကြည့်စဥ် လူတစ်ယောက်ပွဲချင်းပြီးသေဆုံးနေပြီး အမျိုးသမီးငယ်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ရရှိ၍ လဲ​နေသည်ကိုတွေ့ရှိသည်ဟု မျက်မြင်သက်သေတစ်ဦးကပြောသည်။

” ပထမတော့ သားဖလို့လည်းမသိပါဘူး၊ မိန်ကလေးက ကျွန်မအဖေလို့ပြောလိုသိတာပါ၊ သူ့အဖေက ပွဲချင်းပြီးသေသွားတယ်၊ မိန်ကလေးကတော့ ဒဏ်ရာရသွားတယ်၊ အခုဆေးရုံပို့ထားပါတယ်” ဟုဆိုသည်။

အဖေဖြစ်သူမှာ ဝမ်းဗိုက်နှင့် ဦးခေါင်းတွင် သေနတ်ထိမှန်သွားပြီး၊ သမီးဖြစ်သူမှာ လက်မောင်းနှင့်ပေါင်တို့တွင် သေနတ်ထိမှန်သွားသည်ဟု နောက်ထပ်ဆေးရုံလိုက်ပို့သူတစ်ဦးကပြောသည်။

” သေနတ်သံက ၅ချက်၊ ၄ချက်ကတော အဲဒီသားဖနှစ်ယောက်ကိုထိတယ်၊ နောက်တချက်က ဘယ်ကိုကျလဲမသိဘူး၊ သမီးဖြစ်သူမှာလည်း ဒဏ်ရာပြင်းတယ်၊ သေနတ်၂ချက်ထိခံထားရတာ” ဟုဆိုသည်။

သေဆုံးသွားသောသူသည် ၎င်းစက်ရုံစုရပ်ကွက်တွင်နေထိုင်သူတစ်ဦးဖြစ်သော်လည်း ၎င်းနဲ့ပတ်သက်သောအချက်အလက်ကိုစုံစမ်းနေဆဲ့ဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားသောရပ်ကွက်သည် ALP အဖွဲ့အစည်းနေထိုင်သောရပ်ကွက်ဖြစ်သောကြောင့် ဘယ်အဖွဲ့အစည်းကပစ်ခတ်ခြင်းဖြစ်သည်ကို ABNမှစုံစမ်းနေဆဲ့ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့က စစ်တွေမြို့လယ်ခေါင်တွင် အသက် ၄၀ အရွယ်ရှိ ALP ဗိုလ်မှူး ခိုင်စိုးလွင်သည် ပြည်နယ်ဆက်သွယ်ရေးရုံးအနီး ကွမ်းယာဆိုင်တရှေ့တွင် သေနတ်ပတ်ခတ်ခံလိုက်ရပြီး ချွန်ထက်သည့်အရာတစ်ခုဖြင့် ထိုးသွင်းခံလိုက်ရသောကြောင့် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

စစ်တွေတွင် သားဖနှစ်ယောက် သေနတ်ပစ်ခံရ၍ အဖဖြစ်သူသေဆုံး၊ သမီးဖြစ်သူဆေးရုံတင်ထားရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ