Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် သတ်ဖြတ်ကာ ပီနံအိတ်နဲ့ထုတ်ပိုး ပစ်ထားသည့် အမည်မသိ ရုပ်အလောင်း ၁ ခု မြို့ထဲချောင်း၌တွေ့ရှိ

ABN-ရှိုင်းမိုး

သြဂုတ် ၈ရက်

ရခိုင်ပြည် စစ်တွေမြို့တွင် ယနေ့ ညပိုင်း ၄နာရီကျော်အချိန်က သတ်ဖြတ်ခံရကာ ပီနံအိတ်ဖြတ် ထုတ်ပိုးကာ ပစ်ထားသည့် ရုပ်အလောင်း ၁ လောင်းကို မြို့ထဲ ချောင်း၌ တွေ့ရှိခဲ့သည်ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းက သိရသည်။

ထိုလူသေအလောင်းကို စစ်တွေမြို့ ရူပမြောက်ချောင်းတွင် ခန္ဓာကိုယ်ကို ပီနံအိတ်ဖြင့်ထုတ်ထားပြီး အမှိုက်ပုံကြားတွင်တွေ့ရှိကြောင်းသိရသည်။

ထိုအလောင်းသည် မည်သူမည်ဝါဖြစ်ကြောင်းမသိရသော်လည်း အလောင်းမှာ ၇ရက်လောက်ကြာနေသည့်ပုံရှိပြီး အလောင်းတွင် လောက်ကောင်းများကျနေသည်ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အလောင်းကိုကြည့်ရတာ ၇ရက်လောက်ရှိတဲ့ပုံပဲ၊ ခန္ဓာမှာလည်း လောက်ကောင်တွေကျနေပြီ၊ အလောင်းကိုပီနံအိတ်နဲ့ထုတ်ထားတာ၊ ကြည့်ရတာအသတ်ခံထားရတဲ့ပုံ၊ ဘာလို့ဆိုတော့ ကိုယ့်ကိုယ် သက်သေတဲ့လူက ပီနံအိတ်နဲ့ထုတ်ထားမှာလား၊ ခြေထောက်နှစ်ချောင်းပဲပေါ်တယ်” ဟု၎င်းကပါသည်။

ထိုအလောင်းကို မေတ္တာရောင်ခြည်ဖာင်ဒေရှင်းမှ စစ်တွေရင်ခွဲရုံသို့ပိုဆောင်ခဲ့သည်ဟုသိရသည်။

​သြဂုတ်လ ၇ရက်နေ့ည၄နာရီကျော်အချိန်က စစ်တွေမြို့ ဘာဆာရာရွာ (မူဆလင်)အနီး ပင်လယ်ကမ်းခြေတွင် ရေနစ်သေဆုံးနေသည့် မူဆလင်အမျိုးသမီး ၂ ဦးကိုတွေ့ရှိခဲ့သည်။

စစ်တွေတွင် သတ်ဖြတ်ကာ ပီနံအိတ်နဲ့ထုတ်ပိုး ပစ်ထားသည့် အမည်မသိ ရုပ်အလောင်း ၁ ခု မြို့ထဲချောင်း၌တွေ့ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ