Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် သင်္ကြန်ပွဲကျင်းပရန် စစ်ကောင်စီက စီစဥ်နေ၊ ရေမလောင်းမနေရဟု ပြော

စစ်တွေတွင် သင်္ကြန်ပွဲကျင်းပရန် စစ်ကောင်စီက စီစဥ်နေ၊ ရေမလောင်းမနေရဟု ပြော

AB News – မတ်လ ၂၇၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက သင်္ကြန်ပွဲကျင်းပရန် စီစဥ်နေပြီး ရေမလောင်းမနေရဟု ပြောထားကြောင်း သိရသည်။

အဆိုပါပွဲအား ကျင်းပနိုင်ရေးအတွက် စကစ ဦးထိန်လင်းဦးဆောင်သောအဖွဲ့က ယမန်နေ့ မတ်လ ၂၆ ရက်၊ နေ့လည် ၁ နာရီကျော်တွင် စစ်ကောင်စီရုံးချုပ်၌ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲ ပြင်းထန်းနေဆဲ ဖြစ်သည့် ရက္ခိုင်တွင် လာမည့် ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် နှစ်သစ်ကူး သင်္ကြန် ရေလောင်းပွဲကို ကျင်းပရန် စစ်ကောင်စီက စီစဥ်နေခြင်းဖြစ်သည်။

ဗဟိုမဏ္ဍပ် အပါအဝင် ဌာနဆိုင်ရာမဏ္ဍပ်များလည်း ဆောက်လုပ်ရမည့်အပြင် လူတိုင်း ရေလောင်းရမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောထားသည်ဟု မြို့ခံတစ်ဦးက AB News သို့ပြောသည်။

“ဗဟိုမဏ္ဍပ်တွေ၊ ဌာနဆိုင်ရာမဏ္ဍပ်တွေ ဆောက်ရမယ်လို့ ပြောသံကြားတယ်။ ပြီးတော့ လူတွေက ရေမလောင်းပဲနေလို့မရဘူး” ဟု ဆိုသည်။

စစ်တွေရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအများစု တိုက်ပွဲ ဖြစ်ပွားမည်ကိုစိုးရိမ်ပြီး ရန်ကုန်၊ မန္တလေး နှင့် ပြင်ဦးလွင်မြို့များသို့ တိမ်းရှောင်သွားပြီ ဖြစ်ကြောင်းလည်း သိရသည်။

ရက္ခိုင်ပြည်တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ကောင်စီ၏ သင်္ကြန်ပွဲသို့ ပြည်သူများသွားဝံ့မည်မဟုတ်ကြောင်း၊ တိုက်ပွဲဖြစ်သွားလျှင် အကုန်လုံးသေကုန်ကြမည်ဟု ဆတ်ရိုးကျ ဒေသခံတစ်ဦးက ပြောသည်။

“အခုက မြို့နယ်တွေမှာတိုက်ပွဲ ဖြစ်နေတယ်။  သင်္ကြန်လုပ်မယ်ဆိုတော့ ဘယ်သူမှသွားဝံ့မှာလည်း မဟုတ်ပါဘူး။ ဒီမှာဖြစ်မလာလို့လဲပြောမရဘူးလေ။ တိုက်ပွဲဖြစ်လာရင်အကုန်လုံး သေကုန်မယ်။ အာမခံပေးထားတာလဲ မရှိဘူး” ဟုဆိုသည်။

လက်ရှိတွင် ရက္ခိုပြည်ရှိ မြို့နယ် ၉ ခုအား ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီး ကျန်မြို့နယ်များကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

​ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်တွင် ပြည်နယ်စစ်ကောင်စီက သင်္ကြန်ပွဲကို စစ်တွေမြို့အပြင် သံတွဲ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ တောင်ကုတ်၊မောင်တော မြို့များမှာ ဗဟိုမဏ္ဍပ်ဆောက်လုပ်ပြီးကျင်းပခဲ့သည်ကိုတွေ့ရသည်။

ဓာတ်ပုံ-၂၀၂၂ ခုနှစ်က စစ်တွေတွင် စစ်ကောင်စီက ဦးစီးလုပ်ခဲ့သည့် သင်္ကြန်မဏ္ဍာပ်

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်