Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် လုပ်ကြံသတ်ဖြတ် ပစ်သတ်ခံရပြီး လူ ၃ ဦးသေဆုံး

ရှိုင်းမိုး Arakan Bay News -ABN

ယနေ့ ဇန်နဝါရီလ ၄ရက်နေ့ ၈နာရီခွဲလောက်အချိန်တွင် စစ်တွေမြို့ ရွာသာယာအနီး င/စရိုင်ချောင်း ဘုန်းကြီးကျောင်းရှေ့တွင် သေနတ်ပစ်သတ်ခံရပြီး လူ ၃ ဦးသေဆုံးနေသည်ကို တွေရှိခဲ့ကြောင်း မျက်မြင်တစ်ဦးကပြောသည်။

လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးသွားသူများမှာ မည်သူ မည်ဝါ ဖြစ်ကြောင်းနှင့် မည်သူက လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်းကိုမူ ABN ကဆက်လက်စုံစမ်းဆဲဖြစ်သည်။

ထိုလုပ်ကြံသတ်ဖြတ်ခံရသူ ၃ဦးမှာ အဖြူရောင် အိမ်စီးကားထဲတွင် သေနတ်အချက်ပေါင်းများစွာဖြင့် ပစ်သတ်ခံရ၍ သေနေသည်ကို တွေ့ရကြောင်း ရပ်ကွက်သားများက ပြောသည်။

” သူတို့က ဘယ်သူတွေလည်းမသိပါဘူး၊ အဖြူရောင် အိမ်စီးကားနှင့်ပါ၊ ၃ယောက်လုံးက အဖြူရောင် အင်္ကျီ ဝတ်လို့ပါ” ဟုရပ်ကွက်သား တစ်ဦးကပြောသည်။

ယ နေ့ ၈နာရီခွဲလောက်အချိန်ကလည်း စစ်တွေမြို့အာကျိုတ်တော်ကုန်မှလည်း လက်နက်ငယ် ပစ်သံအချက် ၂၀ ကျော်ကြားရကြောင်းသိရသည်။

စစ်တွေတွင် လုပ်ကြံသတ်ဖြတ် ပစ်သတ်ခံရပြီး လူ ၃ ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ