
ABN-ရှိုင်းမိုး
ရခိုင်ပြည် စစ်တွေမြို့ ယနေ့ နံနက် ၁၀ နာရီ ၃၀ ခန့်အချိန်က ဒေသခံတစ်ဦး ရထားတိုက်မိ၍ ခြေ၂ဖက်လုံး ပြတ်သွားသည်ဟု ရွှေရောင်မေတ္တာဖောင်းဒေးရှင်းမှသိရသည်။
ရထားတိုက်မိသူမှာ စစ်တွေမြို့ ရဲနေစုရပ်ကွက်မှ အသက် ၄၈နှစ်အရွယ် ဦးထွန်းထွန်းဖြစ်သည်ဟုသိရသည်။
“အနီးနားကလူတွေပြောတာကတော့ သူကအရက်မူးပြီးအိပ်နေတာလို့ပြောပါတယ်၊ သူ့ကိုတိုက်သွားတဲ့ရထားကတော့ ကျောက်တင်တဲ့ရထားပါ၊ ခြေနှစ်ဖက်လုံးပြတ်သွားပါတယ်၊ အသက်တော့မသေပါဘူး” ဟုပြောသည်။
လက်ရှိတွင် ထိုလူနာအား စစ်တွေမြို့နယ်ဆေးရုံကြီးတွင် တင်ထားကြောင်း သိရသည်။
