Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် မင်းဂံရပ်ကွက်မှ သတိမေ့လျှက်တွေ့ရှိသော အသက် ၁၁ အရွယ် သေဆုံး

ABN-ရှိုင်းမိုး

ရခိုင်ပြည်စစ်တွေမြို မင်းဂံအတွက် ရပ်ကွက် ၁၄တွင် မတ်လ ၁၆ရက်နေ့ နံနက် ၆နာရီကျော်ခန့်က သတိမေ့လျှက်တွေ့ရှိသော ၃‌တန်းကျောင်းသူ အသက် ၁၁အရွယ် မစန္ဒာဝင်းသည် ယနေ့ ၂နာရီကျော်လောက်အချိန်တွင်သေဆုံးသွားသည်ဟု သိရသည်။

ထိုကလေးငယ်သည် မတ်လ ၁၅ရက်နေ့ ညည့် ၁၀နာရီကျော်အချိန်တွင် ပျောက်သွားပြီး မတ်လ ၁၆ရက်နေ့ နံနက် ပိုင်းတွင် ဒဏ်ရာများဖြင့်တွေ့ရှိ၍ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

စစ်တွေဆေးရုံကြီး သတိမေ့လျှက် ၁ ရက်ကျော်ကြာ အသက်ရှင်နေခဲ့ရာမှ ယနေ့ နေ့လည် ၂ နာရီကျော်ခန့်က သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ပြောသည်။

“ ဒီနေ့ ၂နာရီကျော်လောက်ကဆုံးသွားတာပါ၊ သူ အခင်းဖြစ်သွားလို့ဆေးရုံတင်ထားကတည်းက သတိမရခဲ့ပါဘူး” ဟု ယာယီမှူး လှထွန်းဖြူမှပြောသည်။

ထိုကလေးငယ်နှင့်ပတ်သက်၍ သံသယရှိသူ ၂ဦးကို စစ်တွေအမှတ် ( ၁ ) ရဲစခန်းမှဖမ်းဆီးထားကြောင်းသိရသည်။

လက်ရှိတွင် ထိုကလေးငယ်နှင့် ပတ်သက်၍ ULAမှ တရားခံ ၃ဦးကိုဖမ်းမိထားသည်ဟု သတင်းများထွက်ပေါ်နေသောကြောင်း ABNမှ ULA ၏ သက်ဆိုင်ရာရဲအဖွဲ့ကို ဆက်သွယ်စုံစမ်းကြည့်ရာ ULA ရဲအဖွဲ့မှ ဖမ်းဆီးထားခြင်းမရှိဟု ဆိုသည်။

စစ်တွေတွင် မင်းဂံရပ်ကွက်မှ သတိမေ့လျှက်တွေ့ရှိသော အသက် ၁၁ အရွယ် သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ