သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ပြောင်းကွဲ၍ စကစ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၊

စစ်တွေတွင် ပြောင်းကွဲ၍ စကစ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၊

AB News – နိုဝင်ဘာ ၂၃၊ ၂၀၂၃

ရက္ခိုင်ပြည်၊ စစ်တွေမြို့တွင် လက်နက်ကြီးပစ်ရာ၌ ပြောင်းကွဲသွားပြီး ၂ ဦးသေဆုံးသွားပြီဖြစ်ကြောင်း AB News က စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသည် ယနေ့ည ၉ နာရီခန့်တွင် ပေါက်တောဖက်သို့ လှမ်းကူပစ်ချိန်၌ အပူလွန်ပြီး ပြောင်းကွဲသွားခဲ့သည်။

စကစတပ်ဖွဲ့ဝင်တို့သည် ဆေးရုံသို့ အလုအယက်သွားခဲ့သော်လည်း ၂ ဦးသေဆုံးသွားခဲ့ကြောင်း ကန်တော်ကြီးဒေသခံ တစ်ဦးက AB News သို့ ပြောသည်။

“ဆေးရုံတက်တာတော့ အများကြီးတွေ့လိုက်တယ်၊ ၂ ဦးကသေဆုံးသွားပါတယ်၊ ကျန်တဲ့လူတွေလည်းအခြေနေကောင်းမှာ မဟုတ်ဘူး ဟု ” ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပေါက်တောဖက်သို့ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်ခဲ့ခြင်းများရှိခဲ့ကာ လက်ရှိတွင် ပြောင်းကွဲသွား၍ အသံတိတ်သွားသည်ဟု ဒေသခံများက ပြောသည်။

ယခင်နေ့ကလည်း လက်နက်ကြီးအလုံးရေ ၄၀ ကျော်ထက်မနည်း ပစ်ကူခဲ့သည့်အပြင် ပြည်သူလုထုများကြောက်လန့်စေရန် နေ့တိုင်းလိုလို ပစ်ခတ်လျက်ရှိသည်။

ထို့အပြင် မြောက်ဦးမြို့နယ် လင်းမြွေတောင်တပ်ရင်း၊ ပုဏ္ဏကျွန်းမြို့ ၅၅၀ တပ်ရင်းအပါအဝင် မင်းပြားမြို့ ကျိန်းတောင်တပ်ရင်း တို့မှ လက်နက်ကြီးများပစ်ခတ်မှုရှိခဲ့သည်။

ရက္ခိုင့်တပ်တော် AA မှ စစ်ကောင်စီနေရာယူထားသော လောကထိပ်ပန်ကုန်း၊ ရဲစခန်းတို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် စကစ တပ်သား ၉၀ ကျော်ထက်မနည်း သေဆုံးမှုရှိနေခြင်း၊ လက်နက်ချ အလင်းဝင်ရောသူ များပြားလာနေခြင်း နှင့် မြစ်သို့ခုန်ဆင်းသူများခည်း ရှိနေကြောင်း သိရသည်။

လက်နက်ချ အညံ့မခံလိုသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား AA မှ လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ