Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ပရဟိတလုပ်နေသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်၍သေဆုံး

စစ်တွေတွင် ပရဟိတလုပ်နေသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်၍သေဆုံး

ABN-ရှိုင်းမိုး

ဇွန် ၁၁ရက်

ရခိုင်ပြည် စစ်တွေမြို့တွင် ပရဟိတလုပ်နေသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်၍သေဆုံးခဲ့သည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအဖွဲ့ခေါင်းဆောင် ဦးမင်းထေဝါထံမှ သိရသည်။

ယမန်နေ့ ညနေပိုင်းအချိန်တွင် စစ်တွေမြို့ ဓမ္မသုခကျောင်းတိုက် အနီးရှိ နေအိမ်တစ်အိမ်တွင် မီးရရှိရန်အတွက် ပြုလုပ်ပေးနေစဥ် ထရန်စဖာတွင် ဓာတ်လိုက်၍ သေဆုံးခဲ့သည်ဟုသိရသည်။

သေဆုံးသွားသော သူသည် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှ အသက် ၂၅နှစ်အရွယ်ဖြစ်သည်။

” မနေ့ညကပါ၊ ဓမ္မသုခကျောင်းအနီးက အိမ်တစ်အိမ်ကိုမီးလာလုပ်တာပါ၊ သူက ရခိုင်သားမဟုတ်ပါဘူး၊ ဧရာဝတီတိုင်းကပါ၊ မီးပြုပြင်ဖို့လာတဲ့အဖွဲ့မှာပါလာတာပါ” ဟု ဓမ္မသုခကျောင်းတိုက်ဆရာတော်က ပြောသည်။

စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့တို့တွင် လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်ဝန်ထမ်းများနေစဥ်မပြတ်လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ