Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် ပစ်ခတ်ခံရသူ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး သတိပြန်လည်လာသော်လည်း အသက်အန္တရာယ် စိုးရိမ်ရဆဲ

စစ်တွေမြို့ ရှုခင်းသာလမ်း၊ RV စားသောက်ဆိုင်ထဲတွင် ယမန်နေ့ညနေကပစ်ခတ်ခံရသူ ရခိုင်ပြည် နယ်ငါးလုပ်ငန်းဦး စီးမှူး ဦးသက်ဦး (ဘ) ဦးတင်ရွှေမှာ စစ်တွေဆေးရုံ အရေးပေါ် ICU အခန်းထဲ၌ အသက်လုကုသခဲ့ရပြီး ယခုအချိန်တွင် သတိပြန်လည်လာသော်လည်း အသက်အန္တရာယ် စိုးရိမ်နေရဆဲဖြစ် ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၆ ရက်၊ညနေ ၇ နာရီ ၄၂ မိနစ်ခန့်က ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦးသည် စစ်တွေ မြို့၊ ရှုခင်းသာလမ်း၊ ကစ္စပနဒီမြစ်ကမ်းနံဘေးက RV (River Valley) စားသောက်ဆိုင်ထဲတွင် ရှိနေစဉ် သေနတ် သမား တချို့ က ဝင်ရောက် ပစ်ခတ်သွားခဲ့ပြီး အရေးပေါ် ICU အခန်းထဲတွင် အသက်လုနေခဲ့ရ ခြင်းဖြစ်သည်။

ဦးသက်ဦး၏ဝဲနားရွက်နောက် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ လည်ပင်းဝဲဘက်(၁)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်၊ လည်ပင်းညှပ်ရိုး အနီး ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာဘက်ပါး ဖောက်ဝင်ဒဏ်ရာ (၁)ချက်နှင့် နှာခေါင်းသွေးထွက်နေသည်ကို တွေ့ရှိရသည်ဟု ရဲမှတ်တမ်းက ဆိုထားသည်။

အဆိုပါ ဦးသက်ဦးမှာ မြန်မာစစ်တပ်၌ ဗိုလ်မှူးအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ မြန်မာပြည်အလယ်ပိုင်း၌ခရိုင်အဆင့် အုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

သူသည် ရခိုင်ပြည်နယ်အစိုးရ၏ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ နှင့် ပူးပေါင်းကာ ရခိုင်တို့ အပေါ် လူမျိုးရေးအရ ဖိနှိပ်မှုများကို တစိုက်မတ်မတ်လုပ် ဆောင်နေသူဖြစ်သည်ဟု စစ်တွေဒေသခံ ငါးလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

သူက ငါးဖမ်းလှေ သေးသေးလေး တစီးကိုတောင် ခုနစ်သိန်း၊ ရှစ်သိန်းလောက်ကောက်တယ်။ အစီးပေါင်း ၅၀၀ ကျော်လောက် တစ်နှစ်စာ ကောက်ပြီးသွားပြီ။ရခိုင်ကို လူမျိုးရေးအရ ခွဲခြား၊ ဖိနှိပ်တဲ့နေရာမှာ သူ ထိပ်ဆုံးက ပါတယ်။ ငါးလုပ်ငန်းဌာနက ရခိုင်ဝန်ထမ်းတွေကို ဌာနက မထွက်ထွက်အောင်အကြပ်ကိုင်ဖိနှိပ်တယ်။ တခြားလိုင်စင်မဲ့ ဘလက်သင်္ဘောမှန်သမျှ အား လုံးကို သူကပိုက်ဆံယူပြီးလွှတ်ပေးတယ်။ ရခိုင်တွေကျတော လိုင်စင်ရှိပါလျက်နဲ့ တမင်တကာညစ်ပတ်ပြီးဖမ်းတယ်။လိုင်စင်ကိုပါသိမ်းတယ်။ နောက်ပြီး နယ်လုံဝန်ကြီးနဲ့ပေါင်းပြီးတော့ ရခိုင်ပြည်သူတွေ ထမင်းငတ်ပြီး မသေသေအောင် ရခိုင်ပြည်ရေကြောင်းအဝင် အထွက် မှန်သမျှကို ရည်ရွယ်ချက်ရှိရှိ ကန့်သတ်ပိတ် ဆို့မှုတွေ လုပ်နေတယ်။ ဘယ်လို ရန်ငြိုးတွေကြောင့်များ ရခိုင်တွေအပေါ် ဒီလောက်တောင် ခါးခါးသီး သီးမုန်းတီးပြီး၊ ရက်ရက်စက်စက် ဖိနှိပ်နေမှန်း မသိပါဘူးဗျာဟု စစ်တွေမြို့မှ ငါးလုပ်ငန်းလုပ်ကိုင်သူ ဦးတင်ထွန်းက ဆိုသည်။

ယင်းအပြင် ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦးသည် ULA/AA ၏ ရက္ခိုင်ပြည်သူ့အစိုးရကို အခွန်ဆောင်နေသည့် ရခိုင်ပြည်အနှံ့က စီးပွားရေးလုပ်ငန်းရှင်များကိုလည်း မရမက အပင်ပန်းခံ လိုက်လံဖော်ထုတ်၍ မဖြစ်မနေ ဖမ်းခိုင်းခဲ့ကြောင်း၊သူ့ရုံးက ရခိုင်ဝန်ထမ်းများ ကိုပင်လျှင် ရက္ခိုင်ပြည်သူ့အစိုးရအား အခွန်ဆောင်သည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲကာ ထောင်ထဲသို့ မရောက်ရောက်အောင် ပို့ခဲ့သူဖြစ် ကြောင်းလည်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ