Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် နှစ်ဆန်း ၁ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်း ၁ ဦးဆိုင်ကယ်တိုက်ခံရပြီး သေဆုံး

ABN-ဧပြီ ၁၈ ရက်

ရခိုင်ပြည် စစ်တွေမြို့ ပြည့်သူ့ဆေးရုံရှေ့တွင် နှစ်ဆန်း ၁ ရက်နေ့က ကျန်းမာရေးဝန်ထမ်း ၁ ဦး ဆိုင်ကယ်တိုက်ခံရပြီး ဦးနှောက်ထဲ သွေးယိုစိမ့်ကာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ စစ်တွေမြို့ ပြည်တော်သာရပ်ကွက်မှ ဦးအောင်မိုးထွန်း အသက် ၃၇ နှစ်ဖြစ်ပြီး ၎င်းမှာ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်အတင်က ABN သို့ပြောသည်။

“ပြည်သူ့ဆေးရုံရှေ့မှာ ဆိုင်ရောင်းနေကြတာပါ။ လမ်းဖြတ်ကူးဖို့ လမ်းဘေးရပ်နေတာကို ဆိုင်ကယ်က ဝင်တိုက်သွားပါတယ်။ ဒီနေ့ မနက် ၉ နာရီ ၄၅ မှာ ဦးနှောက်ထဲ သွေးဝင်ပြီးဆုံးသွားပါတယ်” ဟုပြောသည်။

ယမန်နေ့ ဧပြီ ၁၇ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က ဦးအောင်မိုးထွန်းသည် လမ်းကူးရန် လမ်းဘေးရပ်နေစဥ် ဆိုင်ကယ်ဝင်တိုက်ခံရပြီး ပြည်သူ့ဆေးရုံတွင် ဆေးရုံတွင် ဆေးကုသမှုခံယူနေစဥ်အတွင် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က သေဆုံးသွားခဲ့ကြောင်း သိရသည်။

၎င်းအား တိုက်မိသည့် ဆိုင်ကယ်သမား ၂ ဦးမှာ မကျည်းမြိုင်ရပ်ကွက်မှ ဖြစ်ကြောင်း ဒေါ်အတင်က ဆက်ပြောသည်။

ဆိုင်ကယ်ဖြင့် တိုက်မိသူ ၂ ဦးကို အခင်းဖြစ်ပွားရာ နေရာရှိ ဒေသခံများက ဝိုင်းဖမ်းသောကြောင့် ဖမ်းဆီးရမိလိုက်သော်လည်း အစစအရာရာကို တာဝန်ယူကြောင်း အစ်ကိုဖြစ်သူ ဦးလင်းချေက ပြောသောကြောင့် ပြန်လွှတ်ပေးလိုက်ကြောင်း ပြောသည်။

“သူတို့က ထွက်ပြေးဖို့လုပ်တော့ လူအင်အားနဲ့ဝိုင်းဖမ်းလို့ရလိုက်ပါတယ်။ သူတို့ ၂ ယောက်ကိုလည်း ဆေးရုံမှာ ခေါ်ထားပါတယ်။ သူတို့ရဲ့ ဆွေမျိုးအစ်ကို တစ်ယောက် ရောက်လာပြီး အစစအရာကို တာဝန်ယူတယ်။ သူတို့ကို ပြန်လွှတ်လိုက်လို့ ပြောလို့ ဆိုင်ကယ်သော့ကိုပါ ပေးပြီး ပြန်လွှတ်လိုက်တာ အခုဖုန်းဆက်လို့လည်းမကိုင်တော့ပါဘူး။” ဟု ဒေါ်အတင်ကပြောသည်။

ယနေ့ ၁၂ နာရီ ၁၉ မိနစ်ခန့်က ဆိုင်ကယ်ဖြင့် တိုက်မိခဲ့သည့် ထိုလူ ၂ ယောက်ကို ရှာဖွေရန် သွားကြောင်း ဦးအောင်မိုးထွန်း၏ ဇနီးကပြောသည်။

ထို့အပြင် ယမန်နေ့က ဖိုးသာရွာခွဆုံတွင်လည်း ကား ၁ စီးနှင့် ဆိုင်ကယ် ၁ စီးကို ဝင်တိုက်မိပြီး ဆိုင်ကယ်စီးလာသူ ၂ ဦးမှာ ဆေးရုံတင်ထားရကြောင်း သိရသည်။

စစ်တွေတွင် နှစ်ဆန်း ၁ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်း ၁ ဦးဆိုင်ကယ်တိုက်ခံရပြီး သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ