Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် နိုင်ငံတကာမိခင် ဘာသာစကားနေ့၌ ရခိုင်ပြည်ရှိ လူမျိုးစု မိခင်ဘာသာစကားဖလှယ်ပွဲ ပြုလုပ်မည်

စစ်တွေတွင် နိုင်ငံတကာမိခင် ဘာသာစကားနေ့၌ ရခိုင်ပြည်ရှိ လူမျိုးစု မိခင်ဘာသာစကားဖလှယ်ပွဲ ပြုလုပ်မည်

ABN- ရှိုင်းမိုး

ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကျရောက်သည့် နိုင်င်တကာမိခင်ဘာသာစကားနေ့တွင် ရခိုင်ပြည် စစ်တွေမြို့၌ ရခိုင်ပြည်ရှိ လူမျိုးစု မိခင်ဘာသာစကား ဖလှယ်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း စစ်တွေ ကျောင်းသားများသမဂ္ဂက ABN ကိုပြောသည်။

ပွဲကို ယနေ့ ဖေဖာ်ဝါရီလ ၂၁ရက်နေ့ နေ့လယ် ၂နာရီ ၃၀မိနစ်မှ ညနေ ၅နာရီအချိန်ထိ စစ်တွေမြို့ ကမ်းနားလမ်း SS Food စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

ထိုပွဲကို ကျောင်းသူ၊ ကျောင်းသားများ စုပေါင်းပြီးပြုလုပ်မည်ဟု ကျောင်းသား သမဂ္ဂအဖွဲ့မှ ကိုကျော်နိုင်ဌေးက ပြောသည်။

“ နေလယ် ၂နာရီခွဲကနေ ၅နာရီထိပြုလုပ်မှာ ဖြစ်ပါတယ်၊ ဒီပွဲကို ကျောင်းသား လူငယ်တွေစုပေါင်းပြီးလုပ်တာပါ၊ ရခိုင်ပြည်ထဲမှာရှိတဲ့ လူမျိုး ၉မျိုးလုံးပါတယ်၊ သူတို့ကဘယ်လိုပုံစံမျိုးဖလှယ်မှာလဲ ကျွန်တော်လည်းသေချာမသိပါဘူး၊ ကျောင်းသားတွေဖလှယ်မှာလား ဒါမှမဟုတ် လူကြီးတွေဖလှယ်မှာလား အဲဒါကိုတော့ ကျွန်တော်လည်း မပြောနိုင်ပါဘူး” ဟု ဆက်ပြောသည်။

နိုင်ငံတကာမိခင်ဘာသာစကားနေ့ကို ၁၉၉၉ ခုနှစ်က UNESO က အသိအမှတ်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ